အင်ဒိုနီးရှားနိုင်ငံ၊ ပါပူဝါပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရေကြီးတာကြောင့် ရေဘေးရှောင်စခန်းတွေမှာ လူတွေပြည့်သိပ်နေချိန် မှာ ဒေသခံတွေကိုပြန်လည်နေရာချထားနိုင်ဖို့ လူမှုအဖွဲ့အစည်းတွေကနေ ပိုအားထုတ်ကြသင့်တယ်ဆိုပြီး အင်ဒိုနီးရှားအစိုးရက တိုက်တွန်းလိုက်ပါတယ်။ မတ်လ(၁၆)ရက်မှာ ဂျရာပူရာခရိုင်က ရေကြီးမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့လို့ မတ်လ(၂၀)ရက်အထိလူ (၁၀၀)ကျော်သေဆုံးခဲ့ပြီး နောက်ထပ်လူ(၉၃)ဦးပျောက်ဆုံးနေပါတယ်။ လူ(၆)ထောင်ကျော် ယာယီအမိုးအကာတွေရထားပြီးဖြစ် ပေမဲ့ အနည်းဆုံးလူ(၁)သောင်းကတော့ ရေကြီးမှုကြောင့်ထိခိုက်ခဲ့တယ်လို့ ဒေသအစိုးရကပြောပါတယ်။

လာမယ့်ရက်အနည်း ငယ်အတွင်း ရေဘေးသင့်သူတွေထပ်တိုးလာနိုင်ပြီး ယာယီအမိုးအကာတွေမှာနေထိုင်ဖို့လိုအပ်လို့ ယာယီအမိုးအကာ(၉)ထောင် လောက်ရှိလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ ရေဘေးသင့်ဒေသခံတွေကို အခြေခံအစားအစာတချို့၊ ကျန်းမာရေးစောင့်ရှောက် မှု၊ နေရာထိုင်ခင်းနဲ့ တခြားအကူအညီတွေ ဒေသအစိုးရကပေးထားတယ်လို့ ရေဘေးသင့်ခဲ့တဲ့ ဂျက်ကီကပြောပါတယ်။

 

 

Related News