မတ်လ(၂၁)ရက်ကအာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်အနောက်ဘက်ပိုင်းက ၀တ်ကျောင်းတစ်ခုမှာပေါက်ကွဲမှု(၃)ခုဖြစ် ပွားခဲ့ပြီးနောက် အနည်းဆုံးလူ(၆)ဦး သေဆုံးပြီးနောက်ထပ်လူ(၂၃)ဦးဒဏ်ရာရခဲ့ပါတယ်။ လူထောင်ချီတက်ရောက်နေတဲ့ နှစ်သစ်ကူးအခမ်းအနားတစ်ခုကိုကျင်းပနေချိန် ရဲစီရင်စု(၃)ထဲက ၀တ်ကျောင်းမှာပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ နှစ်သစ်ကူးပွဲတော်အတွက် အာဖဂန်နိုင်ငံတစ်ဝန်းမှာ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေကလုံခြုံရေးတင်းကျပ်ထားပေမဲ့ အခုလိုဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ဒီဝတ်ပြုကျောင်းဟာ အရင်ကလည်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ခဲ့ဖူးပြီး အခုပေါက်ကွဲမှုရဲ့သဘောသဘာဝ ကိုမသိရသေးပါဘူး။ ဒါပေမဲ့ နေရာမျိုးစုံမှာ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေမြှုပ်ထားခဲ့လို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနအရာရှိတစ်ဦးကပြောတယ်ဆိုပြီးဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။ ဒီတိုက်ခိုက်မှုရဲ့နောက်ကွယ်မှာသူတို့ရှိတယ်လို့ ဘယ်အဖွဲ့အစည်းကမှဝန်မခံသေးပါဘူး။ ကဘူးလ်မြို့မှာလူဦးရေ(၅)သန်းနီးပါးရှိပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်းအကြမ်းဖက်တိုက်ခိုက်တဲ့ဖြစ်ရပ်တွေကြောင့် ထိခိုက်မှုတွေရှိခဲ့ပါတယ်။

 

 

Related News