တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဂျန်စုပြည်နယ်၊  ရှန်းရွှီကောင်တီက ဓာတုစက်ရုံတစ်ခုမှာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်ရပ်ကြောင့် သေဆုံးသူ(၆၂) ဦးအထိရှိလာပြီလို့ တရုတ်အာဏာပိုင်တွေကအတည်ပြုပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဂျန်စုပြည်နယ်၊ ရှန်ရွှီးကောင်တီမှာ မတ်လ(၂၁)ရက်ကဓာတုစက်ရုံမှာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်ရပ် ကြောင့်  မတ်လ(၂၂)ရက်မှာ သေဆုံးသူ(၆၂)ဦးအထိရှိလာပြီလို့ အာဏာပိုင်တွေကအတည်ပြုပါတယ်။ သေဆုံးသူ(၆၂)ဦးထဲက (၂၆)ဦး ဟာ ဘယ်သူဘယ်ဝါဖြစ်တာကိုအတည်ပြုနိုင်ခဲ့ပြီး ကျန်တဲ့(၃၆)ဦးကိုတော့အတည်မပြုနိုင် သေးပါဘူး။ အပျက်အစီးတွေ ကြားမှာ ပိတ်မိနေတဲ့ သူတွေကိုကယ်ဆယ်ရေး သမားတွေက ဆက်လက်ရှာဖွေနေပေမဲ့ လူ(၂၈)ဦးကတော့ပျောက်ဆုံးနေဆဲပါ။ ဓာတု စက်ရုံပေါက်ကွဲမှုကြောင့် စက်မှုဇုံက လူနေအဆောက်အအုံတွေရဲ့ ပြတင်းပေါက်တွေ အစိတ်စိတ်ကွဲခဲ့ပြီး လူ(၁၀၀)နီးပါး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲက (၃၄)ဦးဟာစိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပြီး နောက်ထပ်လူ(၆၀)ဦးကတော့ ဒဏ်ရာ ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ် ရတဲ့ အကြောင်းရင်းကို သိရဖို့စုံစမ်းစစ်ဆေးမှုတွေစတင်လုပ်ဆောင်နေပြီး အခင်းဖြစ်ရာနေရာမှာ ကယ်ဆယ်ရေးအားထုတ်မှုတွေ ကိုလည်း ဆက်လက်ဆောင်ရွက်နေပါတယ်။

 

Related News