(၁၉၉၆)ခုနှစ်မှာ ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်တစ်ခုအဖြစ်အသိအမှတ်ပြုထားတဲ့ အီမိုင် တောင်က လီရှန်းဗုဒ္ဓရုပ်ပွားတော်ကို ပြန်လည်မွမ်းမံနေတာ ပြီးစီးတော့မှာဖြစ်ပြီး လာမယ့်ဧပြီလလောက်ဆိုရင်တော့ ခရီးသွားတွေပြန်ပူဇော်နိုင်တော့မယ်လို့သိရပါတယ်။တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်အနောက်တောင်ပိုင်းက လီရှန်းဗုဒ္ဓရုပ်ပွားတော်ကို ပြီးခဲ့တဲ့(၆)လကျော်လောက်က ပြုပြင်ရေးလုပ်ခဲ့ ပြီးနောက် လာမယ့်ဧပြီလမှာ အဲဒီဘုရားပြန်အပူဇော်ခံနိုင်တော့မှာပါ။ အဲဒီထိုင်တော်မူရုပ်ပွားတော်ဟာ ဥာဏ်တော်ပေ(၂၃၀) ကျော်ရှိပြီး ကမ္ဘာ့ဥာဏ်တော်အမြင့်ဆုံးကျောက်သားဗုဒ္ဓရုပ်ပွားတော်ဖြစ်ပါတယ်။ ဒီဗုဒ္ဓရုပ်ပွားတော်ဟာ လီရှန်းမြို့က မင်မြစ်နဲ့ ဒါဒူ မြစ်တို့ပေါင်းဆုံတဲ့နေရာနားမှာသီတင်းသုံးနေတာပါ။ ရာသီဥတုဒဏ်ကို နှစ်ပေါင်းများစွာခံထားရတာကြောင့် ရုပ်ပွားတော်ရဲ့ခန္ဓာ ကိုယ်ပေါ်မှာ အက်ကြောင်းတွေနဲ့ အကွက်တွေဖြစ်ပေါ်ခဲ့ပါတယ်။ ရုပ်ပွားတော်မွမ်းမံရေးလုပ်ငန်းစဉ်ကို (၂၀၁၈)ခုနှစ်၊ အောက်တို ဘာ(၈)ရက်မှာစတင်ခဲ့တာပါ။ အခုတစ်ကြိမ်မွမ်းမံတာဟာ (၁၉၄၉)ခုနှစ်နောက်ပိုင်း (၉)ကြိမ်မြောက်ဖြစ်ပါတယ်။ ရုပ်ပွားတော် မွမ်းမံဖို့ဆင်ထားတဲ့ငြမ်းတွေကိုလည်း စနစ်တကျနဲ့ဖျက်သိမ်းနေပြီး အခုလကုန်ပိုင်းမှာ ငြမ်းဖျက်ဖို့ပြီးတော့မှဖြစ်တဲ့အတွက် ဧပြီလ ဆန်းပိုင်းမှာ ရုပ်ပွားတော်ကို ပြန်အပူဇော်ခံနိုင်တော့မှာပါ။

 

 

Related News