ပြီးခဲ့တဲ့တစ်ပတ်က တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဂျန်စုပြည်နယ်၊  ရန်ချမ်းမြို့မှာ ဓာတုစက်ရုံတစ်ခုမှာဖြစ်ခဲ့ တဲ့ပေါက်ကွဲမှုကြောင့် သေဆုံးသူ(၇၈)ဦးရှိလာပြီလို့ တရုတ်အာဏာပိုင်တွေက အတည်ပြုပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဂျန်စုပြည်နယ်၊ ရန်ချန်းမြို့မှာ ပြီးခဲ့တဲ့တစ်ပတ်ကြာသပတေးနေ့က ဖြစ်ခဲ့တဲ့ဓာတုစက်ရုံပေါက်ကွဲ မှုကြောင့် သေဆုံးသူ(၇၈)ဦးရှိလာပြီလို့ တရုတ်အာဏာပိုင်တွေက တနင်္လာနေ့မှာအတည်ပြုပါတယ်။ ပျောက်ဆုံးသူ(၂၈)ဦး ထဲက (၂၅)ဦး က သေဆုံးတယ်လို့အတည်ပြုခဲ့ပြီး အန္တရာယ်မတွေ့ခဲ့တဲ့ကျန်(၃)ဦးကိုတော့ ပြန်တွေ့ခဲ့ပါတယ်။ ပေါက်ကွဲမှု ဖြစ်တဲ့ နေရာရဲ့(၂) စတုရန်းကီလိုမီတာပတ်ဝန်းကျင်က ကုမ္ပဏီ(၂၀)ကို ကယ်ဆယ်ရေးသမားတွေကရှာဖွေခဲ့ရာမှာ သေဆုံး သူ(၁၄)ဦးကို တွေ့ခဲ့ပြီး နောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေရပ်ပြီး ရှင်းလင်းရေးလုပ်ငန်းတွေစနေပြီလို့ ရန်ချန်းမြို့ တော်ဝန် “ကောင်လူဘောင်”က ပြောပါတယ်။ သေဆုံးသူတွေထဲက(၅၆)ဦးက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပြီလို့လည်း ပြောပါတယ်။ ပြီး ခဲ့တဲ့ကြာသပတေးနေ့ကတည်းက လူ(၅၆၆)ဦးကိုဆေးရုံမှာကုသမှုပေးနေပြီး (၁၃)ဦးကစိုးရိမ်ရတဲ့အခြေအနေမှာရှိနေသလို (၆၆) ဦးကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာရဲ့ ပတ်ဝန်းကျင်(၁၅)ရွာမှာ လေထုအရည်အသွေးနဲ့သန့်ရှင်းရေးအ ခြေအနေတွေက နိုင်ငံရဲ့စံနှုန်းထဲမှာရှိသေးတယ်လို့လည်း သိရပါတယ်။ ပေါက်ကွဲမှုကြောင့်အပျက်အစီးရှိခဲ့တဲ့ကျောင်းတွေကိုပြန် ပြင်ထားပြီး မနေ့ကမနက်ပိုင်းမှာ ကျောင်းတွေပြန်ဖွင့် နေပြီလို့လည်း သိရပါတယ်။

 

 

Related News