ဘရာဇီးနိုင်ငံမှာ အလုပ်လက်မဲ့နှုန်းမြင့်တက်လာလို့ ဘရာဇီးနိုင်ငံသားတွေဟာ အသက်ရှင်သန်ရေးနဲ့ သူတို့မိသားစုတွေကိုကျွေးမွေးနိုင်ရေးအတွက် ဖန်တီးနိုင်မယ့်နည်းလမ်းတွေ ကိုရှာဖွေနေကြပါတယ်။ ဘရာဇီးနိုင်ငံသားတွေဟာ သူတို့ကိုယ်တိုင်ဆန်းသစ်တီထွင်နေပြီး အသက်ရှင်သန်ရေးနဲ့ မိသားစုတွေကိုကျွေးမွေးနိုင်ရေးအတွက် ဖန်တီးနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေနေကြသလို လက်တင်အမေရိကရဲ့အကြီးဆုံးစီးပွားရေးနိုင်ငံတစ်နိုင်ငံအနေနဲ့ အလုပ်အ ကိုင်အကြပ်အတည်းတွေကိုကျော်လွှားနိုင်ဖို့ ဆက်လက်ရုန်းကန်နေရပါတယ်။ ဘရာဇီးနိုင်ငံရဲ့ အလုပ်သမားရာခိုင်နှုန်းကျဆင်း နေပြီး လူတော်တော်များများအလုပ်လက်မဲ့ဖြစ်ခဲ့တယ်လို့ မတ်လကစာရင်းပြုစုထားတဲ့ ဘရာဇီးအစိုးရစစ်တမ်းတစ်ခုအရသိရပါ တယ်။ လူတွေကလည်း အသက်ရှင်သန်ရေးအတွက် သာမန်စီးပွားရေးကိုသာလုပ်ကိုင်နေရတာပါ။ အလူမီနီယမ်အချိုရည် ဘူးခွံ တွေကို ရီယိုမြို့ရဲ့ လူသိများတဲ့ကမ်းခြေတွေမှာ လွှင့်ပစ်နေတာက နေပူဆာလှုံသူတွေကိုစိတ်အနှောင့်အယှက်ဖြစ်စေပေမဲ့ ဆာ ဂျီယို အမ်မ ရယ်အတွက်တော့ အဲဒီအမှိုက်တွေက သူအသက်ဆက်နိုင်အောင်ကူညီပေးတဲ့အရာတွေဖြစ်နေသလို ရီယိုမြို့က ကမ်းခြေတွေပေါ်မှာ ချီးကျူးခံနေရတဲ့ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်လာပါတယ်။

နေထွက်ချိန်ကနေ နေ၀င်ချိန်အထိပူပြင်းတဲ့ နေရောင် ထဲမှာ အလုပ်လုပ်နေရတဲ့ အသက်(၅၃)နှစ်အရွယ် အမ်မရယ်ကတော့ ဧရာမပိုက်ကွန်ကြီးတစ်ခုကိုအသုံးပြုပြီး (၂၀)ကီလို ဂရမ်လောက်လေးတဲ့ အလူမီနီယမ်အချိုရည်ဘူးခွံတွေကိုသယ်ဆောင်ရပါတယ်။ ပြီးခဲ့တဲ့(၃)နှစ်လောက်မှာ လူအလုပ်လက်မဲ့ဖြစ် သွားပြီးကတည်းက ဒီဘူးခွံတွေကောက်တဲ့အလုပ်ဟာ သူ့အတွက်တော့မျှော်လင့်ချက်မမဲ့စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်နေပါ တယ်။ ဘရာဇီးနိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ(၁၃.၁)သန်း (ဒါမှမဟုတ်) (၁၂.၄)ရာခိုင်နှုန်း ရှိနေပြီး နောက်ထပ်လူ(၄.၉)သန်းကတော့ လုံးဝအလုပ်မရှာတော့ဘဲ သူတို့ဘ၀တွေကိုအရှုံးပေးထားတယ်လို့ နောက်ဆုံးရအချက်အလက်တွေအရသိရပါတယ်။ 

 

Related News