(၂၀၁၉)ခုနှစ်မှာ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်တဲ့ ပမာဏဟာ အများဆုံးဖြစ်လာနိုင်ပြီး အဲဒီလိုဖြစ်ရတာက ရာသီဥတု ပြောင်းလဲမှုတွေနဲ့ သစ်ပင်တွေကြီးထွားမှုနည်းလာတာကြောင့်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။  အခု(၂၀၁၉)ခုနှစ်မှာ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏဟာ အများဆုံးပမာဏနဲ့မြင့်တက်မှုတွေထဲက တစ်ခုအ နေနဲ့ မြင့်တက်လာနိုင်တယ်လို့ ဗြိတိန်အမျိုးသားမိုးလေ၀သ၀န်ဆောင်မှု သုတေသီတွေကခန့်မှန်းနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအ တွင်းမှာ အပူပိုင်းပစိဖိတ်ဒေသတွေဟာ အခု(၂၀၁၉)ခုနှစ်မှာလိုပဲ ပိုပူလာသလို သစ်ပင်တွေနဲ့ တခြားအပင်တွေဟာလည်းကြီး ထွားမှုနည်းလာတာကြောင့် လေထုထဲက ကာဗွန်အောက်ဆိုဒ်တွေကို သစ်ပင်တွေစုပ်ယူပေးတဲ့ပမာဏကလည်း အနည်းငယ် သာရှိပါတော့တယ်။ ဒီရလဒ် တွေကြောင့် ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ်ကထက် (၂၀၁၉)ခုနှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပိုများလာတာ တွေ့ရလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။

ကမ္ဘာ့လေထုအတွင်း အချက်အလက်မှတ်တမ်းတင်မှုစတင်ကတည်းက ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု (၃၀)ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး အဲဒီလိုဖြစ်ရတာက လောင်စာဆီတူးဖော်မှုတွေနဲ့ တောပြုန်းမှု တွေကြောင့်လို့လည်းပြောပါ တယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးမယ့်သစ်ပင်တွေလျော့နည်းလာတဲ့အတွက် မြေဆီလွှာ နဲ့ ပင်လယ်တွေရဲ့တစ်ဝက်နီးပါးဟာ ဓာတ်ငွေ့တွေစိမ့်ဝင်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီလိုစိမ့်ဝင်နေတာတွေက ရာသီဥ တုအပေါ်လိုက်ပြီး ကွဲပြားမှုတွေရှိနိုင်ပါတယ်။ နွေရာသီမှာ သစ်ပင်တွေနဲ့ တခြားအပင်တွေကြီးထွားကြပြီး ကာဗွန် ဒိုင်အောက် ဆိုဒ်တွေကို ပိုမိုစုပ်ယူပေးနိုင်တဲ့အတွက် လေထုထဲမှာ ကာဗွန်အောက်ဆိုဒ်ပါဝင်မှုပမာဏ လျော့နည်းပေမဲ့ ဆောင်း  ရာသီမှာ တော့ သစ်ပင်တွေက သစ်ရွက်တွေကြွေကျကုန်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို မစုပ်ယူပေးနိုင်တဲ့အတွက် လေထုထဲမှာ ကာ ဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု ပမာဏများလာပါတယ်။ လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏပိုများလာရင် ရှူရှိုက်မိတဲ့လူ သားတွေကို အသက်ရှူကျပ်တာ၊ ခေါင်းကိုက်တာ၊ အားနည်းတာ၊ မူးဝေတာ၊ အမြင်တွေေ၀၀ါးတာနဲ့ သတိမေ့တာတွေ ဖြစ်စေ နိုင်တယ်လို့ ကျွမ်းကျင်သူတွေကဖော်ပြထားပါတယ်။

 

 

Related News