မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အားပြင်းတဲ့ဒုံးပျံထိပ်ဖူးပါတဲ့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်ကိုစမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်KCNAသတင်းအေဂျင်စီကဖော်ပြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီတုန်းက သဘောတူညီချက်တစုံတရာမရခဲ့တဲ့ ဒုတိယအကြိမ်အမေရိကန်-မြောက်ကိုရီးယားထိပ်သီးအစည်းအဝေးအပြီးမှာ ပထမဆုံးစမ်းသပ်မှုဖြစ်ပါတယ်။ အခုစမ်းသပ်မှုကိုမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကိုယ်တိုင် ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ KCNAကဖော်ပြပါတယ်။အခုလက်နက်က မြောက်ကိုရီးယားပြည်သူ့တပ်မတော်ရဲ့တိုက်ခိုက်ရေးစွမ်းရည်မြှင့်တင်ရာမှာ အရေးပါတဲ့ဖြစ်ရပ်တစ်ခုလို့ ကင်ကပြောပါတယ်။KCNAသတင်းမှာအချက်အလက်နည်းနည်းပဲပါပေမဲ့ လေ့လာသုံးသပ်သူတွေကတော့ အဲဒီလက်နက်ဟာတာတိုပစ်လက်နက်လို့ သဘောတူကြပါတယ်။ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ်မှာ နျူကလီးယားစမ်းသပ်မှုတွေရပ်ဆိုင်းထားပြီးတိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေမလွှတ်တော့ဘူးလို့ ကင်ကကတိပြုခဲ့ပါတယ်။ဒုတိယအကြိမ်ထိပ်သီးအစည်းအဝေးအပြီးကတည်းက နျူကလီးယားဖျက်သိမ်းရေးဆွေးနွေးမှုတွေမှာတိုးတက်မှုအနည်းငယ်ပဲရှိပါတယ်။ 

 

 

Related News