အကျင့် ပျက်ခြစားမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆရတာကြောင့် စစ်ဆေးခံနေရတဲ့ပီရူးသမ္မတဟောင်း ဂါဆီရာဟာ ဗုဒ္ဓဟူးနေ့က သူ့ကိုယ်သူအဆုံးစီ ရင်ခဲ့တယ်လို့သိရပါတယ်။ ပီရူးသမ္မတဟောင်း အယ်လန် ဂါဆီရာဟာ ဗုဒ္ဓဟူးနေ့က ပီရူးနိုင်ငံမြို့တော် လီမာကဆေးရုံတစ်ရုံမှာ သေဆုံးခဲ့တယ်လို့ ပီရူး သမ္မတ မာတင် ဗစ်ဇ်ကာရာက သူ့ရဲ့တွစ်တာလူမှုကွန်ရက်ပေါ်မှာ အတည်ပြုခဲ့ပါတယ်။ ဂါဆီရာ သေဆုံးမှုအတွက် အံ့သြတုန် လှုပ်ခဲ့ရတယ်လို့ ဗစ်ဇ်ကာရာကပြောခဲ့ပြီး ဒီဖြစ်ရပ်အတွက်ဝမ်းနည်းကြောင်းသ၀ဏ်လွှာကိုလည်း ဂါဆီရာရဲ့မိသားစုဆီပေးပို့ခဲ့ပါ တယ်။ ဘရာဇီးဆောက်လုပ်ရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ အိုဒီဘရီချက်နဲ့ဆက်စပ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေမှာ ပါဝင်နေ တယ်လို့ယူဆရတဲ့ ဂါဆီရာကိုဖမ်းဆီးဖို့ တရားရုံးကအမိန့်ထုတ်ခဲ့ပြီးနောက် အဲဒီဖမ်းဆီးမှုကိုရှောင်တဲ့အနေနဲ့ ဗုဒ္ဓဟူးနေ့မှာ အ သက်(၆၉)နှစ်အရွယ်ရှိ ဂါဆီရာက သူ့ဦးခေါင်းကိုသေနတ်နဲ့ပစ်ပြီးအဆုံးစီရင်ခဲ့တာလို့ ဂါဆီရာရဲ့ရှေ့နေ့က ဒေသမီဒီယာတွေကို အတည်ပြုခဲ့ပါတယ်။ အဲဒီလိုအဆုံးစီရင်ခဲ့ပြီးနောက် လီမာမြို့က အထူးကြပ်မတ်စောင့်ရှောက်ရေးဌာနမှာ ဆေးရုံတင်ပေးခဲ့ပေမဲ့ ဒဏ်ရာပြင်းတာကြောင့် သေဆုံးခဲ့တယ်လို့ ပီရူးကျန်းမာရေးဝန်ကြီး ဇူလီမာကပြောပါတယ်။ ဂါဆီရာရဲ့နေအိမ်ကို ပီရူးရဲတပ် ဖွဲ့ဝင်တွေချဉ်းကပ်လာချိန်မှာ  ဂါဆီရာက သူ့နေအိမ်ထဲကအခန်းတစ်ခန်းထဲဝင်ပြီးသော့ခတ်ကာ အခုလိုအဆုံးစီရင်ခဲ့တာပါ။ ဂါဆီ ရာဟာ (၁၉၈၅)ခုနှစ်ကနေ (၁၉၉၀)ခုနှစ်နဲ့ (၂၀၀၆)ခုနှစ်ကနေ (၂၀၁၁)ခုနှစ်အထိ ပီရူးသမ္မတအဖြစ်တာဝန် ထမ်းဆောင်ခဲ့ပါ တယ်။

 

 

Related News