မကြာသေးခင်ကအမေရိကန်နိုင်ငံကချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့တွေအသစ်တွေကို ဗင်နီဇွဲလားက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဗင်နီဇွဲလားဗဟိုဘဏ်နဲ့ ဗဟိုဘဏ်ညွှန်ကြားရေးမှူး အီလီရန်နာ ဂျိုစက်ဖာ ရူဇာတန်းရန်းအပါအ၀င်ဗင်နီဇွဲလားနိုင်ငံကို ပိတ်ဆို့ မှုအသစ်တွေကို အမေရိကန်အစိုးရအဖွဲ့က ဧပြီ(၁၇)ရက်မှာချမှတ်ခဲ့ပါတယ်။ အဲဒီလုပ်ရပ်ဟာ လုံးဝတရားမ၀င်ဘူးလို့ ဗင်နီဇွဲ လားသမ္မတ နီကိုလပ်စ်မာဒူရိုကရှုတ်ချခဲ့ပြီး ဘယ်နိုင်ငံကမှ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံရဲ့ဗဟိုဘဏ်ပိုင်ဆိုင်မှုတွေကို ၀င်ရောက်စွက်ဖက်ဖို့ အခွင့်မရှိပါဘူးလို့လည်းပြောပါတယ်။ အမေရိကန်နိုင်ငံကပိတ်ဆို့မှုတွေတိုးမြှင့်တာဟာ ပြဿနာတွေအား လုံးကို ဖြေရှင်းမယ့်အစား ပြည်တွင်းစီးပွားရေးအခြေအနေတွေကိုပိုမိုဆိုးရွားစေနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေကပြောပါ တယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သဘောတူညီချက်မပါပဲ အမေရိကန်နဲ့ ဥရောပနိုင်ငံတချို့ရဲ့ ပိတ်ဆို့မှုတွေက ဥပဒေ ရေးရာမှာအခြေခံကင်းမဲ့ပြီး ဆင်းရဲဒုက္ခဖြစ်စေတဲ့ ဆိုးကျိုးတွေသက်ရောက်စေနိုင်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗင်နီဇွဲလား  အမြဲတမ်းကိုယ်စားလှယ် ဆာမွန်မိုကာဒါကပြောပါတယ်။ ဗင်နီဇွဲလားနိုင်ငံငြိမ်းချမ်းရေးနဲ့လုံခြုံရေးတို့အတွက် ပိတ်ဆို့မှုတွေကို လျှော့ချပြီး စစ်ရေးအရခြိမ်းခြောက်မှုတွေကိုရပ်တန့်ဖို့ တခြားနိုင်ငံတွေကို တောင်းဆိုခဲ့ပါတယ်။

 

 

Related News