အထူးလက်ဖက်ရည်ဆိုင်တွေအတွက် လူကြိုက်များပြီးတောင်းဆိုမှုတွေမြင့်တက်လာတဲ့အတွက် ဂျပန်မြို့ပြနေထိုင်မှုမှာနီချီလက်ဖက်ရည်ဆိုင်တွေကလက်ရှိမှာသိသာထင်ရှားလာသလိုကော်ဖီသောက်သုံးမှုကိုလည်း အရှိန်မြင့်စေခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာတစ်နှစ်ကိုကော်ဖီသောက်သုံးမှု တန်(၄)သိန်း (၇)သောင်းကျော်ရှိနေပါတယ်။ ဧပြီလအစောပိုင်းမှာတိုကျိုကော်ဖီပွဲတော်ရဲ့ နွေဦးရာသီအစီအစဉ်တစ်ခုမှာကော်ဖီဆိုင်(၆၀)ကျော်ကကိုလံဘီယာ၊ အီသီယိုးပီးယား၊ ဘရာဇီးနဲ့ ပနားမားတို့အပြင် တခြားကော်ဖီထုတ်တဲ့နိုင်ငံတွေကကော်ဖီတွေကို ကော်ဖီချစ်သူတွေအတွက်ယူဆောင်လာခဲ့ပါတယ်။ အဲဒီထဲကမှာ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းကကော်ဖီဆိုင်(၆)ဆိုင်ကတော့ ကော်ဖီသောက်တာအပြင် သူတို့ရဲ့ယဉ်ကျေးမှုတွေကိုကြော်ငြာဖို့ ကြိုးစားခဲ့ကြခဲ့တဲ့ စိတ်ကူးတွေကိုဒေသတွင်းကော်ဖီချစ်သူတွေကမြတ်နိုးခဲ့ကြပါတယ်။ ဂျပန်နိုင်ငံကကော်ဖီဆိုင်အားလုံးရဲ့ အဖွဲ့အစည်း(AJCA) ကနေရတဲ့နောက်ဆုံးအချက်အလက်တွေ အရဂျပန်နိုင်ငံရဲ့ကော်ဖီဈေးကွက်ဟာ ခန့်မှန်းခြေအမေရိကန်ဒေါ်လာ(၂၅.၉)ဘီလီယံမှာရှိနေပါတယ်။ အမျိုးမျိုးသောလက်ရာတွေကရလာတဲ့ အရသာတွေကိုစားသုံးသူ တွေအနေနဲ့ ရနိုင်မှာဖြစ်ပြီးကော်ဖီလုပ် ငန်းအားလုံးရဲ့ထောက်ပံ့ရေးဆိုင်ခွဲတွေထဲမှာစီးပွားရေးအခွင့်အလမ်းသစ်တွေရနိုင်ဖို့ ခန့်မှန်းထားတယ်လို့ (AJCA)ရဲ့အချက်အလက်တွေမှာဖော်ပြနေပါတယ်။

 

 

Related News