သီရိလကာၤမွာ ဧၿပီ(၂၁)ရက်ကဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီးနောက် ဧပြီ(၂၂)ရက်ကစလို့ သီရိလကာင်္သမ္မတက အရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။သီရိလကာင်္နိုင်ငံမှာ ဧပြီ(၂၁)ရက်က ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီးနောက် ဧပြီ(၂၂)ရက်သန်းခေါင်ယံအချိန်ကစလို့ သီရိလကာင်္ သမ္မတ မိုင်သရီပါလာ ဆီရီဆီနာရဲ့ရုံးကအရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။  အရေးပေါ်အခြေအနေကြေညာရတာက နိုင် ငံသားတွေဘေးကင်းလုံခြုံဖို့ဖြစ်ပြီး ဧပြီ(၂၃)ရက်ကို ၀မ်းနည်းပူဆွေးတဲ့အထိမ်းအမှတ်နေ့အဖြစ် သီရိလင်္ကာသမ္မတကကြေညာခဲ့ ပါတယ်။ ဧပြီ(၂၁)ရက်ကပေါက်ကွဲမှုတွေမှာ သေဆုံးသူ(၂၉၀)အထိရှိလာပြီး ဒဏ်ရာရသူ(၅၀၀)ကျော်ရှိတယ်လို့ သီရိလကာင်္ရဲ တပ်ဖွဲ့ကပြောပါတယ။်

သီရိလကာင်္နိုင်ငံမြို့တော်ကိုလံဘိုမှာ သီရိလကာင်္ဗုံးရှင်းလင်းရေးအဖွဲ့က စွန့်ပစ်မော်တော်ယာဉ်ထဲမှာ တွေ့ တဲ့ဗုံး(၃)ခုကိုစနက်တံဖြုတ်ဖို့ကြိုးစားနေတုန်း ဧပြီ(၂၂)ရက်မှာ အသေးစားပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့စီးပွားရေးအချက်အချာနေရာက ဘတ်စ်ကားဂိတ်မှာစွန့်ပစ်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းအစပျိုး စနက်တံ(၈၇)ခုကိုရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။ ဘုရားကျောင်းနဲ့တခြားနေရာဝန်းကျင်မှာ လုံခြုံရေးတိုးမြှင့်ဖို့ သမ္မတ ဆီရီဆီနာက လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်တွန်းခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ သီရိလကာင်္နိုင်ငံက သေဆုံးမှုအများဆုံးအကြမ်းဖက်မှုတစ်ခုဖြစ် ပါတယ်။

 

 

Related News