သီရိလင်္ကာနိုင်ငံမှာ ဧပြီ(၂၁)ရက်ကဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေက နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ဆက်နွယ်နေတယ်လို့ သီရိလင်္ကာဝန်ကြီး ချုပ်ရာနေး ၀စ်ရီမီဆင်ဂီ က ပြောပါတယ်။သီရိလင်္ကာမှာ ဗုံးခွဲတိုက်ခိုက်မှုတွေရဲ့တရားခံတွေကိုဖော်ထုတ်ဖို့ အာဏာပိုင်တွေကဆောင်ရွက်နေပြီး အဲဒီတိုက်ခိုက်မှုတွေက နိုင်ငံခြားနဲ့ ဆက်နွယ်နေတယ်လို့ သီရိလကာင်္ဝန်ကြီးချုပ်ရာနေး ၀စ်ရီမီဆင်ဂီက ပြောပါတယ်။ အင်္ဂါနေ့က သီရိလကာင်္ဝန်ကြီးချုပ် နေအိမ်မှာကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဧပြီလ(၂၁)ရက်ဗုံးခွဲတိုက်ခိုက်မှုတွေကို သူတို့လုပ်ဆောင်ခဲ့တာဆိုတဲ့ အစ္စလာမ် မစ်စစ်နိုင်ငံတော်အဖွဲ့(IS)ရဲ့ ၀န်ခံချက်ကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ ရာနေးကပြောပါတယ်။

အခုတိုက်ခိုက်မှုတွေက ပြီးခဲ့တဲ့လက နယူးဇီလန်နိုင်ငံ၊ ခရစ်ချာ့ခ်ျမြို့က ဗလီတွေကိုတိုက်ခိုက်မှုအတွက် လက်တုံ့ပြန်တာလို့လည်း ရာနေးရဲ့ အစောပိုင်းထုတ်ပြန်ချက်တစ်ခုမှာပါဝင်ပါတယ်။ တနင်္ဂနွေနေ့ကဗုံးကွဲမှုတွေအပြီးမှာ ဖမ်းဆီးမှုတွေဆောင်ရွက်ခဲ့ပေမဲ့ ဖမ်းဆီးထား တဲ့လူအရေအတွက်ကို ရာနေးက အတိအကျ မထုတ်ဖော် သေးဘဲ တရားခံတချို့ကို ဆက်ပြီးရှာနေတယ်လို့တော့ ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့တဲ့တရုတ်လူမျိုးတွေအတွက်ဆွေးနွေးဖို့  သီရိလကာင်္နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဇူယွန်က သီရိလကာင်္သမ္မတ မိုင်သရီပါလာ ဆီရီဆီနာဆီ သွားရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ကူညီမှုအတွက်ကျေးဇူးတင်တယ်လို့လည်း ဆီရီဆီနာက ပြောခဲ့ပါတယ်။

 

 

Related News