တောင်ကိုရီးယားနိုင်ငံ၊ ပြုံချန်းခရိုင်က စစ်ပြီးခေတ်မှာကြီးပြင်းလာတဲ့ အသက်(၇၂)နှစ်အရွယ် အဘွားပက်ဂိုအင်ဟာ မူလတန်းကျောင်းပြန် တက်နေပါတယ်။ တောင်ကိုရီးယားနိုင်ငံ၊ ပြုံချန်းခရိုင်မှာ မနက်ခင်းဆိုရင် သက်ကြီးရွယ်အိုတွေက သူတို့မြေးအရွယ်ကျောင်းသားတွေနဲ့အတူ ကျောင်းတက်ကြ ပါတယ်။ အဲဒီထဲမှာအသက်(၇၂)နှစ်အရွယ်အဘွား ပက်ဂိုအင်လည်းပါဝင်ပါတယ်။ အဘွားပက်ဟာ ကျောပိုးအိတ်လွယ်ပြီး မနက်တိုင်း လိုက်ပို့တဲ့ သူမပါဘဲ ကျောင်းကားစီးပါတယ်။ ပြုံချန်းကောင်တီမှာ စစ်ပြီးခေတ်မှာကြီးပြင်းလာလို့ ပညာသင်ဖို့ အခွင့်အရေးမရှိခဲ့တဲ့ ပက်ဟာ ယောက်ျားတွေကြီးစိုးတဲ့လူ့အဖွဲ့အစည်းမှာ သူ့အစ်ကိုကျောင်းတက်နေတတုန်း မိသားစုကို ကိုယ်စားထောက်ပံ့ပေးခဲ့ရတာပါ။ စာမတတ်တာ ဆယ်စုနှစ်ချီကြာပြီးနောက် (၂၀၁၈)ခုနှစ်မှာ ပက်အတွက် အလှည့်အပြောင်း တစ်ခုဖြစ်လာပါတယ်။ အဲဒါကတော့ ကျောင်းတက် ခွင့်ရခဲ့တာဖြစ်ပြီး ပထမတန်းကနေ ကျောင်းစတက်ရတာပါ။

ကျောင်းအပ် ပြီးတစ်နှစ်အကြာမှာတော့ ကျောင်းကားမှာလည်း သူ့အတွက် နေရာရခဲ့ပြီးတော့ ကျောင်းသင်ခန်းစာတွေကနေ သူ့ရဲ့ဘ၀အတွက် ရိုးရှင်းတဲ့စိတ်ကျေနပ်မှုနဲ့ မျှော်လင့်ချက်တွေရနေပါပြီ။ အဘွားပက်ရဲ့ ဘ၀က အထီးကျန်တဲ့အခြေအနေမျိုးမဟုတ်တော့သလို နေ့စဉ်ကျောင်းကားစီးရတဲ့ စိတ်လှုပ်ရှားမှုကိုနှစ်သက်ပြီး သူနဲ့သက်တူရွယ်တူ အတန်းဖော်တွေနဲ့လည်း ပွေ့ဖက်လေ့ရှိပါတယ်။ ဒါပေမဲ့ အဘွားပက်ရဲ့ဘ၀က အတန်းတက်လို့ပြီးရုံနဲ့ လွယ်လွယ်ကူကူမပြီးဆုံးပါဘူး။ မနက်ပိုင်းအတန်းပြီးရင် အဘွားပက်နဲ့အ တန်းကြီးတဲ့သူ့မိတ်ဆွေတစ်ယောက်က အလုပ်လုပ်ပြီး ၀င်ငွေရှာရပါသေးတယ်။ အဘွားပတ် အလုပ်လုပ်လို့ ရနေတာနဲ့ ကျောင်းတက်လို့ရနေတာရဲ့ နောက်ကွယ်ကအကြောင်းရင်းကတော့ တောင်ကိုရီးယားမှာ သက်ကြီးရွယ်အိုဦးရေ ပိုများလာတာပါ။ တောင်ကိုရီးယားနိုင်ငံမှာ သက်ကြီးရွယ်အိုဦးရေမြင့်တက်လာပေမဲ့ နိုင်ငံရဲ့ပင်စင်စနစ်ကမတည်ငြိမ်သေးလို့ ကိုယ်တိုင်အလုပ် ဆက်လုပ်နေရသလို နေထိုင်မှုအခြေအနေတွေကလည်း ဆင်းရဲနေတာလို့ ဟန်ယန်းတက္ကသိုလ်ရဲ့သက်ကြီးရွယ်အိုဆိုင်ရာအင်စတီကျူ့က ပါမောက္ခ လီဆန်ဆစ်က သုံးသပ်ပါတယ်။

 

 

Related News