တရုတ်နိုင်ငံအနောက်တောင်ပိုင်းစီချွမ်ပြည်နယ်မှာ ဇူလိုင်(၁၁)ရက်က ခရီးသည်(၃၀)ဦး ပါလာတဲ့ ဘတ်စ်ကားတစ်စင်းလမ်းဘေး ထိုးကျခဲ့လို့ လူ(၈)ဦးသေဆုံးပြီး လူ(၁၆)ဦးဒဏ်ရာရခဲ့ပါတယ်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်းစီချွမ်ပြည်နယ်မှာ ဇူလိုင်(၁၁)ရက်က ခရီးသွားဧည့်သည်(၃၀)ဦး ပါလာတဲ့ဘတ်စ်ကားတစ်စီးက အရှိန်မထိန်းနိုင်ပဲ တောင်တစ်ခုကကျောက်တုံးကိုဝင်တိုက်ပြီး လမ်းဘေးကိုထိုးကျခဲ့ပါတယ်။ စီချွမ်ပြည်နယ်၊ ဆောင်ပန်ကောင် တီနဲ့ချန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ မင်းဂျန်မြို့က အမှတ်(၂၁၃)အဝေးပြေးလမ်းမကြီးပေါ်မှာအခင်းဖြစ်ပွားခဲ့တာပါ။ အ ခင်းဖြစ်ပွားရာမှာ လူ(၃)ဦးနဲ့ နောက်ထပ်ခရီးသွားတစ်ယောက်က ဆေးရုံမှာကုသမှုခံယူတုန်းသေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင် တွေကပြောပါတယ်။ ဒါ့အပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ရာမှာ ကျောက်တုံးအောက်မှာသေဆုံးနေတဲ့လူ(၄)ဦးကို ကယ်ဆယ် ရေးသမားတွေကတွေ့ရှိခဲ့ပါတယ်။ သေဆုံးခဲ့သူတွေရဲ့မိသားစုဝင်တွေကို ဒေသအာဏာပိုင်တွေက အားပေးခဲ့ပါတယ်။  အခင်းဖြစ် ခဲ့လို့ အဝေးပြေးလမ်းမကြီးလမ်းနှစ်ဘက်စလုံးမှာ လမ်းပိတ်ခဲ့ပေမဲ့ ရှင်းလင်းခဲ့ပြီးနောက် ယာဉ်ကြောသွားလာမှုက ပုံမှန်ပြန်ဖြစ် ခဲ့ပါတယ်။ ဒဏ်ရာရတဲ့ခရီးသည်တွေကိုတော့ ဆေးရုံမှာကုသမှုတွေပေးနေပါတယ်။

 

 

Related News