တရုတ်နိုင်ငံတောင်ပိုင်း၊ဂွမ်ဒေါင်းပြည်နယ်၊ ကွေကျိုးမြို့က (၂၀၀၀)မီတာအမြင့်ရှိတဲ့တောင်ပေါ်မှာပိတ်မိခဲ့တဲ့ တောင်တက်သူ (၂၄)ဦးကိုမီးသတ်သမားတွေက (၁၁)နာရီကြာခက်ခက်ခဲခဲကြိုးပမ်းခဲ့ပြီးနောက်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ပိတ်မိနေသူတွေဆီကအကူအညီတောင်းခံမှုကိုလက်ခံရခဲ့ပြီးနောက်မီးသတ်သမားတွေက တောင်ပေါ်ကိုခြေလျင်တက်သွားခဲ့ပြီးနောက် တောင်ထိပ်မှာပိတ်မိနေတဲ့တောင်တက်သူတွေကိုရှာတွေ့ခဲ့ပါတယ်။

တောင်တက်သူတွေထဲက (၆)ဦးကတော့ခြစ်မိထားတဲ့ဒဏ်ရာအနည်းငယ်ရထားပြီး နောက်ထပ်တစ်ဦးကတော့ ခြေကျင်းဝတ်အဆစ်လွှဲနေတယ်လို့သိရပါတယ်။ပိတ်မိခဲ့တဲ့တောင်တက်သူတွေကို တောင်အောက်မဆင်းခင်ကုသမှုတချို့ပေးခဲ့ရပြီး ဒေသစံတော်ချိန်မနက်ပိုင်းလောက်မှာ တောင်အောက်ကိုဘေးကင်းကင်းနဲ့ပြန်ဆင်းနိုင်ခဲ့ပါတယ်။ တောင်တက်သူတွေထဲက (၂၁)ဦးဟာအထက်တန်းကျောင်းသားတွေဖြစ်ပြီး (၃)ဦးကနည်းပြတွေဖြစ်သလိုသူတို့ကျောင်းရဲ့ပြင်ပလှုပ်ရှားမှုတစ်ခုကိုလုပ်ဆောင်ခဲ့တာဖြစ်ပေမဲ့ ဒေသနယ်မြေနဲ့ပတ်သက်လို့ကျွမ်းကျင်မှုမရှိတာကြောင့် တောင်ပေါ်မှာပိတ်မိခဲ့တာဖြစ်ပါတယ်။

 

Related News