(၂၀၁၈)ခုနှစ်တုန်းကFacebookကုမ္ပဏီနဲ့ကမ်းဘရစ်ဂ်ျအ နယ်လစ်တစ်ကာကုမ္ပဏီတို့ဆီကနေ အချက်အလက် ပေါက်ကြား ခဲ့တဲ့ဖြစ်ရပ်ကြောင့် Facebook ကုမ္ပဏီက ဒဏ်ကြေးအမေရိကန်ဒေါ်လာသန်း(၅၀၀၀)လောက် ပေးဆောင်ရနိုင်တယ်လို့ အမေရိကန်မီဒီယာတွေမှာဖော်ပြပါတယ်။ကိုယ်ရေးအချက်အလက်ချိုးဖောက်တဲ့ဖြစ်စဉ်ကြောင့် Facebookကုမ္ပဏီကိုအမေရိကန်စည်းကမ်းထိန်းသိမ်းရေးတွေကစံချိန် တင်ဒဏ်ငွေအမေရိကန်ဒေါ်လာသန်း(၅၀၀၀)ကျော်ကောက်ခံလိုက်တယ်လို့ အမေရိကန်မီဒီယာတွေမှာဖော်ပြပါတယ်။ နိုင်ငံရေးအတိုင်ပင်ခံကုမ္ပဏီကမ်းဘရစ်ဂ်ျအနယ်လစ်တစ်ကာကုမ္ပဏီကFacebookအသုံးပြုသူ(၈၇)သန်းကျော်ဆီကအချက်အလက် တွေကိုမသင့်လျော်တဲ့နည်းလမ်းတွေရခဲ့သလားဆိုတာဗဟိုကုန်သွယ်ရေးကော်မရှင်ကစုံစမ်းစစ်ဆေးနေတာပါ။ ဒဏ်ငွေ ကောက်ဖို့အစီအစဉ်ကိုကော်မရှင်က (၃)မဲ(၂)မဲနဲ့အတည်ပြုခဲ့တာလို့ သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ကော်မရှင်ကရော၊ Facebookဘက်ကရောတစုံတရာမှတ်ချက်ပြုထားတာမရှိသေးပါဘူး။ ဒဏ်ငွေကို အမေရိကန်တရားရေးဝန်ကြီးဌာနရဲ့ရာဇ၀တ် မှုခင်းဌာနကအတည်ပြုပေးရမှာဖြစ်ပေမဲ့ အတည်ပြုဖို့ အချိန်ဘယ်လောက်ကြာမလဲဆိုတာမသိသေးဘူးလို့ နယူးယောက် တိုင်းမ်သတင်းစာကဖော်ပြပါတယ်။ တကယ်လို့ အတည်ပြုခဲ့ရင်တော့ ကော်မရှင်ကနည်းပညာကုမ္ပဏီတစ်ခုကိုအများဆုံးသတ် မှတ်တဲ့ဒဏ်ငွေဖြစ်လာမှာပါ။ ဒဏ်ငွေသန်း(၅၀၀၀)လောက်ပေးရနိုင်ချေရှိတယ်လို့ Facebookကအစောပိုင်းမှာကတည်းကခန့် မှန်းထားပါတယ်။ ဒဏ်ငွေဆောင်ရမယ်ဆိုတဲ့သတင်းထွက်ပေါ်ခဲ့ပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေကတော့ အပြုသဘောတုံ့ပြန်ခဲ့ကြပြီးစနေနေ့မှာ Facebookရှယ်ယာတန်ဖိုး(၁.၈)ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။

 

 

Related News