အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာ အင်္ဂါနေ့က လေးထပ်တိုက်ပြိုကျပြီးနောက် ပိတ်မိခဲ့တဲ့လူတွေကိုကယ်တယ်ဖို့ ကယ်ဆယ်ရေး သမားတွေက အချိန်လုဆောင်ရွက်နေပါတယ်။အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့မှာ ဇူလိုင်(၁၆)ရက်က လေးထပ်အဆောက်အအုံပြိုကျခဲ့လို့ အနည်းဆုံးလူ(၁၀)ဦးသေဆုံးပြီး (၈)ဦး ဒဏ်ရာရခဲ့ပါတယ်။ အဆောက်အအုံပြိုကျလို့ ပိတ်မိနေတဲ့လူတွေကိုကယ်တင်ဖို့ ကယ်ဆယ်ရေးသမားတွေက အချိန်လုပြီး ဆောင်ရွက်နေတာပါ။ အဲဒီအဆောက်အအုံဟာ လူနေထူထပ်တဲ့မွန်ဘိုင်းမြို့တောင်ပိုင်းက လမ်းကျဉ်းတစ်ခုထဲမှာရှိနေပါတယ်။ မီးသတ်ကားတွေက ပြိုကျတဲ့နေရာကို မကပ်နိုင်ဘဲ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လူအားနဲ့ဆောင်ရွက်ခဲ့တာပါ။

ဒေသခံအများ စုကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ အပျက်အစီးတွေအောက်မှာ ပိတ်မိနေတဲ့လူတွေကို ကယ်တင်နိုင်အောင် လမ်းကြားထဲမှာ ဒေသခံအများစုက အပျက်အစီးတွေကိုဖယ်နေကြပါတယ်။ ပြိုကျခဲ့တဲ့တိုက်က နှစ်ပေါင်း (၁၀၀)သက်တမ်းရှိနေပါတယ်။ ဒေသအာဏာပိုင်တွေက (၂၀၁၂)ခုနှစ်မှာ အဲဒီတိုက်ကို အန္တရာယ်ရှိတဲ့အဆောက်အအုံအဖြစ် သတ်မှတ်ပြီး လူတွေကိုပြောင်းရွှေ့ဖို့တောင်းဆိုခဲ့ပါတယ်။ အဆောက်အအုံပြိုကျချိန်မှာ လူ(၄၀)၀န်းကျင်နေထိုင်နေတာပါ။ ဒဏ် ရာရသူတွေ တော့ဆေးရုံမှာကုသမှုပေးခဲ့ပါတယ်။

 

 

Related News