တရုတ်နိုင်ငံအရှေ့ပိုင်း ဇီချန်းပြည်နယ်က ဂျိုရှန်မြို့မှာ(၂၁)ကြိမ်မြောက်ဂျိုရှန်နိုင်ငံတကာ သဲပန်းပုပွဲတော်ကို ဇူလိုင်(၁၉)ရက်က ဖွင့်လှစ်ခဲ့ပါတယ်။တရုတ်နိုင်ငံ အရှေ့ပိုင်းဇီချန်းပြည်နယ်၊ ဂျိုရှန်မြို့မှာ (၂၁)ကြိမ်မြောက်ဂျိုရှန်နိုင်ငံတကာ သဲပန်းပုပွဲတော်ကို ဇူလိုင်(၁၉)ရက်က ဖွင့်လှစ်ခဲ့ပါတယ်။

သဲပန်းပုပွဲတော်မှာ ပန်းပုပညာရှင်(၃၀)ကျော်က ဖန်တီးထားတဲ့ မျောက်ဘုရင်ပုံ အပါအ၀င်နာမည်ကျော် ကာတွန်းပုံ သဲပန်းပု(၅၀)ကျော်ကို ပရိသတ်ကိုပြသခဲ့ပါတယ်။ လာရောက်ကြည့်ရှုတဲ့ဧည့်သည် တွေကသဲပန်းပုပွဲတော်မှာ သဲပန်းပုရုပ်တွေကြား လမ်းလျှောက်ကြည့်ရှုနိုင်တဲ့အပြင် ရထားနဲ့လည်းကြည့်ရှုနိုင်ပါတယ်။ ကလေးတွေအတွက်ဖျော်ဖြေရေးတွေ ပိုမိုပေးဖို့ ရုပ်ပုံဆလိုက်၊ ကြိုးတံတားအပါအ၀င် အပန်းဖြေအဆောက် အအုံတွေကိုလည်း တည်ဆောက်ထားပါတယ်။ ဧည့်သည် တွေက သဲသောင်ပြင်ပေါ်မှာလည်း လည်ပတ်နိုင်ပါတယ်။ ထိုင်ခုံနေရာပါတဲ့ တဲငယ်ကလေးတစ်ခုကို ဖွင့်ထားပြီး အရုပ်တွေနဲ့ အချိုရည်တွေကိုလည်း ရောင်းချပေးပါတယ်။ သဲပန်းပုပွဲတော်ကို(၂၀၂၀)ခုနှစ်၊ မေလအထိ ကျင်းပမှာပါ။

 

 

Related News