ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာ ဇူလိုင်လ(၁၈)ရက် မနက်ပိုင်းက ရှို့မီးလို့ယူဆရတဲ့ဖြစ်ရပ်ကြောင့် မီးလောင်မှုကို ရဲတပ်ဖွဲ့က စတင်စုံစမ်းစစ်ဆေးနေပြီ ဖြစ်ပါတယ်။ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာဇူလိုင်လ(၁၈)ရက်မနက်ပိုင်းကရှို့မီးလို့ ယူဆရသောဖြစ်ရပ်ကြောင့် ကျိုတိုကာတွန်းစတူဒီယိုမီးလောင်မှု ကဇူလိုင်(၁၉)ရက်မှာ မီးလုံးဝငြိမ်းခဲ့ပြီး ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူတွေရဲ့ လှုပ်ရှားမှုတွေကို စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် အနည်းဆုံးလူ(၃၃)ဦးသေဆုံးပြီး လူဒါဇင်ချီဒဏ်ရာရခဲ့တယ်လို့ ဒေသရဲတပ်ဖွဲ့ပြောပါတယ်။ အခင်းဖြစ်ပွားတဲ့ အဆောက်အအုံအပြင်ဘက်မှာ စတူဒီယိုပရိသတ်တချို့က သေဆုံးတဲ့လူတွေအတွက် ပန်းတွေကိုလာရောက်ထားခဲ့ကြပါတယ်။ ဇူလိုင်(၁၈)ရက်ညမှာ သေဆုံးသူတစ်ဦးရဲ့ရုပ်အလောင်းကို စတူဒီယိုအဆောက်အအုံရဲ့အပြင်ဘက်ကို ဆွဲထုတ်ခဲ့ပါတယ်။

သေဆုံးသူ(၃၃)ဦးထဲက(၁၉)ဦးကို အဆောက်အအုံတတိယထပ်လှေကားနားမှာ တွေ့ရှိခဲ့ပါတယ်။ အခင်းဖြစ်ပွားချိန်မှာ အဆောက်အအုံအတွင်း နေသူတွေက အပေါ်ဆုံးထပ်ကို လျင်လျင်မြန်မြန်တက်ပြေးခဲ့ပေမဲ့  တံခါ်းက မဖွင့်နိုင်ဘဲဖြစ်ခဲ့ပါတယ်။ တံခါးဘာလို့ မဖွင့်နိုင်လဲဆို တာကိုတော့ ရဲတပ်ဖွဲ့ကအတည်မပြုနိုင်သေးဘဲ အပူကြောင့်သော့ ပုံပျက်စီးနေသလား။ ဒါမှမဟုတ် သော့ခတ်ထားတာ ဖြစ်နိုင်ချေ ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အသက်(၄၁)နှစ်ရှိအမျိုးသားတစ်ဦးက စတူဒီယိုထဲမှာ အလုပ်လုပ်နေတာ မဟုတ်တာကိုတော့ ရဲတပ်ဖွဲ့က အတည်ပြုနိုင်ခဲ့ပြီး  တခြားလူတွေနဲ့အဆက်အသွယ်ရှိသလား ဆိုတာကိုတော့ မရှင်းလင်းသေးပါဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီအမျိုးသားဟာ သြဂုတ်လကတည်းက အိမ်နီးချင်းတွေနဲ့အငြင်းပွားမှုတွေဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်(၁၆)ရက်ကတည်းက သူ့ကို မတွေ့ခဲ့ဘူးလို့ အိမ်နီးချင်းတွေက ပြောပါတယ်။

 

 

Related News