ဟောင်ကောင်ဆန္ဒပြပွဲအပြီးမှာ လက်နက်ကိုင်လူတစ်စုက ယန်လောင်ဘူတာရုံကို ၀င်ပြီး ခရီးသည်တွေနဲ့လျှောက်လမ်းတွေမှာ ရှိနေတဲ့ လူတွေကို ၀င်ရိုက်ခဲ့ကြပါတယ်။တနင်္ဂနွေနေ့က ရပ်ဆိုင်းထားပြီးသားတရုတ်ပြည်မကြီးဆီတရားခံလွှဲပြောင်းရေးဥပဒေကြမ်းကို ဆန္ဒပြပွဲတွေအပြီးမှာ ဟောင် ကောင်မှာရှိတဲ့ယန်လောင်ခရိုင်က ဘူတာရုံတစ်ရုံကို လက်နက်ကိုင်မျက်နှာဖုံးစွပ်လူဒါဇင်ချီက ၀င်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ တီ ရှပ်အဖြူတွေဝတ်ထားတဲ့လက်နက်ကိုင်တွေက ဘူတာရုံလျှောက်လမ်းကလူတွေနဲ့ ရထားတွဲတွေထဲကလူတွေကို အင်အားသုံး တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုတွေကြောင့် လူ(၄၅)ယောက်ဒဏ်ရာရခဲ့ပြီး (၁)ယောက်ကတော့စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါ တယ်။ တရုတ်ပြည်မကြီးဆီတရားခံလွှဲပြောင်းပေးရေးဥပဒေကြမ်းကိုအတည်ပြုဖို့ ဟောင်ကောင်အစိုးရကကြိုးစားခဲ့တာကို ဆန့် ကျင်တဲ့အနေနဲ့ တနင်္ဂနွေနေ့မှာ ဒီမိုကရေစီလိုလားသူတွေက ဆန္ဒပြခဲ့ပြီးလို့ ရဲတွေက ငရုတ်ကောင်းဖြန်းဆေးတွေ၊ ရာဘာကျည် ဆန်တွေသုံးပြီးဖြိုခွဲခဲ့တဲ့နောက် လက်နက်ကိုင်တွေက အခုလိုတိုက်ခိုက်တာပါ။ လက်နက်ကိုင်တွေက ဘယ်သူတွေဆိုတာမရှင်း လင်းပေမဲ့ ဆန္ဒပြပွဲကပြန်လာသူတွေနဲ့ လမ်းသွားလမ်းလာတွေကို ၀င်တိုက်ခိုက်တာပါ။ လက်နက်ကိုင်တွေဝင်တိုက်ခိုက်တဲ့ဖြစ် ရပ်ကို တရားဥပဒေစိုးမိုးရေးလိုလားတဲ့ဟောင်ကောင်လူ့အသိုက်အ၀န်းအနေနဲ့ လုံးဝလက်မခံသလို ပြင်းပြင်းထန်ထန်ရှုတ်ချ တယ်လို့ ဟောင်ကောင်အစိုးရက ထုတ်ပြန်ပါတယ်။

 

 

Related News