မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ကရေငုပ်သင်္ဘောသစ်တစ်စင်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီးတိုက်ခိုက်ရေးသုံးလက်နက်စနစ်တွေကိုအလေးပေးကြည့်ရှုခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကတောင်ကိုရီးယားမှာစစ်ရေးလေ့ကျင့်မှုတွေကြောင့် အမေရိကန်နဲ့နျူကလီးယားအရေးဆွေးနွေးမှုတွေလမ်းချော်သွားနိုင်တယ်လို့ သတိပေးခဲ့ပြီးနောက် အခုဖြစ်ရပ်ဖြစ်လာတာပါ။ ဂျပန်ပင်လယ်ပြင်မှာကင်စစ်ဆေးခဲ့တဲ့ရေငုပ်သင်္ဘောကိုနေရာချသွားမယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNAသတင်းအေဂျင်စီက အင်္ဂါနေ့မှာဖော်ပြခဲ့ပေမဲ့ စစ်ဆေးတဲ့နေရာကိုရော၊ ထားမယ့်နေရာကိုရောအတိအကျမဖော်ပြထားပါဘူး။

တောင်ကိုရီးယားမှာတပ်စွဲ ထားတဲ့အမေရိကန်တပ်ဖွဲ့ဝင်(၃၀၀၀၀)နီးပါးရှိပြီး နှစ်စဉ်တောင်ကိုရီးယားစစ်သားသောင်းချီနဲ့ ပူးပေါင်းပြီးပြုလုပ်တဲ့စစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်ဝင်ရောက်ဖို့ပြင်ဆင်နေတာဆိုပြီး မြောက်ကိုရီးယားဘက်က သတ်မှတ်လေ့ ရှိပါတယ်။ အခုနှစ်စစ်ရေးလေ့ကျင့်မှုကိုမြောက်ကိုရီးယားဘက်က ဝေဖန်နေပေမဲ့ မြောက်ကိုရီးယားနဲ့အပြုသဘောဆောင်တဲ့ဆက်ဆံရေးရှိနေတယ်လို့ တနင်္လာနေ့မှာအမေရိကန်သမ္မတဒေါ်နယ် ထရမ့်က ပြောပါတယ်။

 

 

Related News