အွန်လိုင်းဂရုတစ်ခုမှာ ညစ်ညစ်ညမ်းညမ်းပြောဆိုနေတဲ့စာတွေပေါ်လာပြီးနောက် ဒေသခံတွေက ရာထူးကနေနုတ်ထွက်ဖို့တောင်းဆိုခဲ့ပေမဲ့ ပေါ်တိုရီကိုအုပ်ချုပ်ရေးမှူးက ငြင်းဆိုခဲ့လို့ ဒေသခံသိန်းချီက သူ့ကို ဆန့်ကျင်တယ်ဆိုပြီး ဆန္ဒပြခဲ့ပါတယ်။ရာထူးကနေနုတ်ထွက်ဖို့ ပေါ်တိုရီကိုအုပ်ချုပ်ရေးမှူး ရီကာဒို ရော့ဆယ်လို ငြင်းဆိုခဲ့ပြီးနောက် ရော့ဆယ်လို ရာထူးကနုတ်ထွက် ပေးဖို့ လမ်းတွေပေါ်မှာ လူသိန်းချီဆန္ဒပြနေကြပါတယ်။ ရော့ဆယ်လိုနဲ့ ထိပ်တန်းလက်ထောက်တွေ အွန်လိုင်းမှာ အပြန်အလှန် ပို့နေတဲ့ညစ်ညမ်းစာတွေပေါက်ကြားခဲ့ပြီးနောက် ရာထူးကနေမနုတ်ထွက်ဘူးလို့ ရော့ဆယ်လိုပြောခဲ့ပြီး နောက်တစ်ရက်အကြာ မှာ ဆန္ဒပြမှုတွေဖြစ်လာတာပါ။

တာဝန်ထမ်းဆောင်တဲ့သက်တမ်းကုန်ဆုံးမယ့် လာမယ့်(၂၀၂၀)မှပဲ ရာထူးကဆင်းပေးမယ်လို့ ရော့ဆယ်လိုကပြောပါတယ်။ ဒါပေမဲ့ ဆန္ဒပြသူတွေကတော့ ရော့ဆယ်လိုရာထူးကနေချက်ချင်းနုတ်ထွက်ပေးရမယ်လို့ တောင်း ဆိုနေပါတယ်။ ပေါက်ကြားခဲ့တဲ့စာတွေထဲမှာ လိင်တူတွေကို မနှစ်သက်ဘူးဆိုတဲ့ စကားလုံးတွေအပြင် (၂၀၁၇)ခုနှစ်၊ ဟာရီကိန်း မုန်တိုင်းမာရီယာကြောင့် သေဆုံးခဲ့သူတွေကို လှောင်ပြောင်တဲ့စကားလုံးတွေလည်းပါဝင်နေတာပါ။ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး အ မေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ရော့ဆယ်လိုဟာ ညံ့ဖျင်းတဲ့အုပ်ချုပ်ရေးမှူးတစ်ယောက်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

 

 

 

Related News