ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့ရဲ့အဓိကဘူတာရုံ(၃)ခုနဲ့ ရင်ပြင်နီနားက ဆိုဗီယက်ခေတ်လက်ကျန် ၀န်ထမ်းသက်သာဆိုင်ကြီး တွေအပါအ၀င် အဆောက်အအုံအခု (၂၀)လောက်ကို စက်တင်ဘာလ(၁၃)ရက်မှာ ဗုံးရှိမရှိစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ရုရှားအစိုးရပိုင် အာအိုင်အေ နိုဗော့စတီသတင်းဌာနက သတင်းဖော်ပြပါတယ်။အဆောက်အအုံတွေမှာ ဗုံးထောင်ထားတယ်ဆိုပြီး ဖုန်းခေါ်ပြောဆိုတာတွေရှိခဲ့တဲ့အတွက် မော်စကိုမြို့နဲ့အခြားမြို့ကြီးတွေက အဆောက်အအုံဒါဇင်ချီမှာ နေထိုင်သူတွေကို ရုရှားအာဏာပိုင်တွေက ယခုတစ်ပတ်အတွင်း ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ ဗုံးပေါက်ကွဲနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှု အခု(၁၀၀)လောက်ရှိခဲ့တဲ့အတွက် ရုရှားနိုင်ငံမြို့တော် မော်စကိုမြို့က ပြည်သူအယောက် (၅၀၀၀၀)လောက်ကို ပြောင်းရွှေ့ ပေးခဲ့ရတယ်လို့ ရုရှားအစိုးရပိုင်တက်စ်သတင်းအေဂျင်စီက သတင်းဖော်ပြပါတယ်။
 
လက်ရှိအချိန်မှာတော့ အဲ့ဒီခြိမ်းခြောက်မှု တွေက သတင်းမှားသာ ဖြစ်နေတယ်ဆိုပြီး ရုရှားအာဏာပိုင်တွေက ပြောပါတယ်။ ဗုံးရှိနိုင်တယ်ဆိုပြီး ဖုန်းခေါ်ပြောခဲ့တဲ့သူတွေရဲ့ တည်နေရာကို စုံစမ်းခဲ့ရာမှာ ယူကရိန်းနိုင်ငံ ကိဗက်ဗ်မြို့ကဖြစ်တယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။ ယူကရိန်း နယ်ထဲက ခရိုင်းမီးယားဒေသကို ရုရှားကထိန်းချုပ်ထားတာအပြင် ရုရှားကျောထောက်နောက်ခံပေးထားတဲ့ ယူကရိန်း အရှေ့ပိုင်း က ခွဲထွက်ရေးလှုပ်ရှားမှုတွေကြောင့်ရုရှားနဲ့ယူကရိန်းနိုင်ငံတို့ကြားမှာ တင်းမာမှုတွေဖြစ်ပွား နေတာပါ။
 
 

Related News