လူမှုကွန်ယက်ကိုအသုံးချပြီး အမေရိကန်နိုင်ငံရေးစနစ်ကို ထိခိုက်စေနေတဲ့ ရုရှားကုမ္ပဏီတွေနဲ့ ပြိုင်ဆိုင်နေရတယ်လို့ Facebook  ကုမ္ပဏီအမှုဆောင်အရာရှိ ချုပ်မာ့ခ် ဇက်ကာဘာ့ဂ်ျက ပြောပါတယ်။ 
လူမှုကွန်ယက်ကိုသုံးပြီးကိုယ်ကျိုးရှာနေတဲ့ ရုရှားအင်တာနက်သုတေသနကုမ္ပဏီတွေနဲFacebook ကုမ္ပဏီတို့ပြိုင်ဆိုင်နေရတယ် လို့ ဆီနိတ်လွှတ်တော်အမတ်တွေကိုFacebook ကုမ္ပဏီအမှုဆောင်အရာရှိချုပ်မာ့ခ် ဇက်ကာဘာ့ဂ်ျက ဧပြီလ(၁၀)ရက်မှာပြော ပါတယ်။ ရုရှားကုမ္ပဏီတွေဘက်က ပိုကောင်းအောင်ကြိုးစားနေကြတယ်လို့လည်းပြောပါတယ်။

ပြီးခဲ့တဲ့မတ်လမှာFacebook အသုံးပြုသူသန်း(၈၀)ကျော်ရဲ့အချက်အလက်တွေကို ကမ်းဘရစ်ဂ်ျ အနယ်လစ်တစ်ကာနိုင်ငံရေးအကြံပေးလုပ်ငန်းက အလွဲသုံးခဲ့ တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး လွှတ်တော်အမတ်တွေရဲ့မေးမြန်းမှုကို ဇက်ကာဘာ့ဂ်ျကဖြေကြားနေတာပါ။ ပြီးခဲ့တဲ့(၂၀၁၆)ခုနှစ်၊ အမေရိကန်ရွေးကောက်ပွဲကာလမှာ ရုရှားရဲ့ဝင်စွက်ဖက်မှုတွေကိုစစ်ဆေးနေတဲ့ အမေရိကန်သမ္မတအထူးအကြံပေးရောဘတ် မူလာ Facebook ၀န်ထမ်းတွေကို စစ်ဆေးခဲ့ပေမဲ့ သူ့ကိုတော့ မစစ်ဆေးခဲ့ဘူးလို့ ဇက်ကာဘာ့ဂ်ျကပြောပါတယ်။ ဒါပေမဲ့ အထူးအကြံ ပေးနဲ့ကုမ္ပဏီတို့ကြားက ကိစ္စရပ်တွေက အထူးလျို့ဝှက်ကိစ္စရပ်တွေဖြစ်တာကြောင့် ထုတ်ပြောသွားမှာမဟုတ်ဘူးလို့လည်း ပြော ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ (၂၀၁၆)ခုနှစ်အမေရိကန်ရွေးကောက်ပွဲမှာ ၀င်စွက်ခဲ့တဲ့ ရုရှားကုမ္ပဏီ(၃)ခုနဲ့ ရုရှားနိုင်ငံသား (၁၃)ဦးကို မူလာကတရားစွဲဆိုခဲ့ပါတယ်။ အကောင့်တုတွေကို ဖော်ထုတ်ဖို့ Facebookကုမ္ပဏီက နည်းပညာသစ်တွေကို ဖော် ထုတ်နေတယ်လို့လည်း အမှုဆောင်အရာရှိချုပ်ဇက်ကာဘာ့ဂ်ျကပြောပါတယ်။ ကြားနာမှုပထမပိုင်းအပြီးမှာတော့Facebookရဲ့ ရှယ်ယာတန်ဖိုး(၅)ရာခိုင်နှုန်းနီးပါးပြန်တက်ခဲ့တာကြောင့် ဇက်ကာဘာ့ဂ်ျရဲ့ပိုင်ဆိုင်မှုတန်ဖိုးက အမေရိကန်ဒေါ်လာသန်း(၃၀၀၀) ကျော်လောက်အထိ မြင့်တက်ခဲ့ပါတယ်။

 

 

Related News