အယ်လ်ဂျီးယား နိုင်ငံမြို့တော်နားမှာ စစ်မှုထမ်းသူတွေနဲ့မိသားစုတွေကို တင်လာတဲ့ လေယာဉ်ပျက်ကျခဲ့တာကြောင့် လူ(၂၅၇)ဦးသေဆုံးခဲ့ပါတယ်။အယ်လ်ဂျီးယားနိုင်ငံမြို့တော် အယ်လ်ဂျီးယားနားမှာ အယ်လ်ဂျီးရီးယား စစ်တပ်လေယာဉ်ပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ်က လူ(၂၅၇)ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေကအတည်ပြုပါတယ်။ အယ်လ်ဂျီးယားမြို့အနောက်ဘက်မှာရှိတဲ့ဘူဖာရစ်ခ် စစ်တပ်လေယာဉ်ကွင်းကနေ ထွက်ခွာခဲ့ပြီးနောက် ပျက်ကျခဲ့တာပါ။ လေယာဉ်ပျက်ကျတဲ့ အကြောင်းအရင်းကို စုံစမ်းနေပြီး ဒီဖြစ်ရပ်ဟာ အယ်လ်ဂျီးယားနိုင်ငံသမိုင်းတစ်လျှောက် အဆိုးရွားဆုံး လေယာဉ်ပျက်ကျမှုဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ (၃)ရက်ကြားဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ဖို့ အယ်လ်ဂျီးရီးယားအစိုးရကကြေညာခဲ့ပါတယ်။ သေဆုံးသူအများစုက စစ်မှုထမ်းတွေနဲ့ သူတို့ရဲ့မိသားစုတွေဖြစ်ပြီး လေယာဉ်အမှုထမ်း(၁၀)ဦးလည်း သေဆုံးခဲ့တယ်လို့ အယ်လ်ဂျီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ သေဆုံးခဲ့တဲ့ခရီးသည် တွေထဲမှာ အယ်လ်ဂျီးရီးယားနဲ့မော်ရိုကိုနိုင်ငံတို့ကြား နယ်မြေအငြင်းပွားနေတဲ့ ဆာဟာရသဲကန်္တာရက အနောက်ပိုင်းမှာ နေထိုင်သူတွေလည်းပါဝင်ပါတယ်။

မီးသတ်သမားတွေနဲ့ ကယ်ဆယ်ရေးသမား ဒါဇင်ချီက အပျက်အစီးတွေနားမှာရှိနေပြီး အသက်ရှင်ကျန်သူတွေကို ဆေးရုံပို့ထားတယ်လို့ သိရပါတယ်။ အခုလေယာဉ်ပျက်ကျမှုဟာ (၂၀၀၃)ခုနှစ်နောက်ပိုင်းကတည်းက သေဆုံးသူအများဆုံး လေယာဉ်ပျက်ကျမှုဖြစ်ပါတယ်။ (၂၀၁၄)ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂) ရက်ကလည်း အယ်ဂျီးရီးယား စစ်မှုထမ်းတွေနဲ့ မိသားစုတွေကိုတင်လာတဲ့ လေယာဉ်ပျက်ကျခဲ့တာကြောင့် လူ(၇၇)ဦးသေဆုံး ခဲ့ပါတယ်။  

 

 

Related News