တရုတ်သမ္မတရှီကျင့်ပင်နဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထော်ညော် ဂူတားစ်တို့ စက်တင်ဘာလ(၂)ရက်က တရုတ်နိုင်ငံမှာတွေ့ဆုံခဲ့ကြပါတယ်။ မစန္ဒာကတင်ဆက်ပေးမှာပါ။
စက်တင်ဘာလ(၃)ရက်ကနေ(၄)ရက်အထိ(၂)ရက်ကြာကျင်းပမယ့် တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက်ရေး(FOCAC) ထိပ် သီးဆွေးနွေးပွဲအကြိုအနေနဲ့ စက်တင်ဘာလ(၂)ရက်က တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထောညော်ဂူတား(စ်)တို့တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံက နိုင်ငံပေါင်းစုံဝါဒကိုထောက်ခံသလို ကုလသမဂ္ဂရဲ့အခွင့်အာဏာကို ထိန်းသိမ်းကာကွယ်ဖို့လိုတယ်လို့သမ္မတရှီကပြောပါတယ်။

လွတ်လပ်ပြီးလွယ်ကူချောမွေ့တဲ့ကုန်သွယ်ရေး၊ ပွင့်လင်းမြင်သာတဲ့ ကမ္ဘာ့စီးပွားရေးတည်ဆောက်ရေးနဲ့ ခိုင်မာတဲ့လုပ်ဆောင်ချက်တွေလုပ်ဆောင်ဖို့ တရုတ်နိုင်ငံဘက်က အဆင်သင့်ဖြစ်နေတယ်လို့ လည်း ရှီကပြောပါတယ်။ ဘေကျင်းထိပ်သီးဆွေးနွေးပွဲက ကုလသမဂ္ဂရဲ့ရည်မှန်းချက်နဲ့အညီ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင် ရွက်မှုနဲ့ ဖွံ့ဖြိုးမှုတို့အတွက်ဆောင်ရွက်မှာဖြစ်ပါတယ်။ အာဖရိကအရေးက ကုလသမဂ္ဂရဲ့လုပ်ငန်းစဉ်မှာ ဦးစားပေးအစီအစဉ် ဖြစ်ပြီး ဘေကျင်းထိပ်သီးဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တက်ရောက်တာက တရုတ်-အာဖရိကပူးပေါင်းဆောင်ရွက် ရေးမှာ  ကုလသမဂ္ဂရဲ့ထောက်ခံမှုကို ပြသတာဖြစ်တယ်လို့ ဂူတား(စ်)ကပြောပါတယ်။ စည်းမျဉ်းတွေကိုအခြေခံတဲ့ နိုင်ငံပေါင်းစုံစ နစ်ကိုတည်ဆောက်ရေး၊ ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်ရာမှာ  တခြားနိုင်ငံတွေပါဝင်လာစေရေးနဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်ရေးတွေကိုလည်းကုလသမဂ္ဂကလိုလားတယ်လို့ ဂူတားစ်ကပြောခဲ့ပါတယ်။

 

 

Related News