တတိယအကြိမ်ကိုရီးယား(၂)နိုင်ငံထိပ်သီးအစည်းအဝေးကို မြောက်ကိုရီးယားနိုင်ငံမြို့တော်“ပြုံယမ်း”မှာ စက်တင်ဘာလ(၁၈) ရက်ကနေ(၂၀)ရက်အထိ(၃)ရက်ကျင်းပဖို့ သဘောတူခဲ့ကြတယ်လို့ စက်တင်ဘာလ(၅)ရက်မှာ မြောက်ကိုရီးယားနိုင်ငံကို သွား ရောက်ခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင်“ကင်ဂျုံအန်”နဲ့ဆွေးနွေးခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် တောင်ကိုရီးယားအမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်“ချောင်အွီယွန်း”ကစက်တင်ဘာလ(၆)ရက်မှာ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဧပြီလတုန်းကကျင်း ပခဲ့တဲ့ ကိုရီးယား(၂)နိုင်ငံထိပ်သီးအစည်းအဝေးမှာ သဘောတူခဲ့တဲ့ ပန်မွန်ဂျွန်းကြေညာချက်ကို အကောင်အထည်ဖော်တာနဲ့ ပတ်သက်ပြီးအကဲဖြတ်ဖို့ တောင်ကိုရီးယားသမ္မတ“မွန်ဂျဲအင်”နဲ့ မြောက်ကိုရီးယားခေါင်းဆောင်“ကင်ဂျုံအန်”တို့က ဦးစားပေးနေ တယ်လို့လည်းပြောပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားဖျက်သိမ်းရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အခက်အခဲ တွေ့နေချိန်မှာ အခုလိုပြန်သဘောတူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

 

 

Related News