ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ဖို့အပါအ၀င် နှစ်နိုင်ငံကြားအနာဂတ်သစ်တစ် ခုတည်ထောင်ဖို့ ကိုရီးယား(၂)နိုင်ငံရဲ့ ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။ ကိုရီးယား(၂)နိုင်ငံအတွက် အနာဂတ်သစ်တစ်ခုဖြစ်လာစေဖို့ မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်“ကင်ဂျုံအန်”နဲ့ တောင်ကိုရီး ယားသမ္မတ“မွန်ဂျဲအင်”တို့သဘောတူခဲ့ကြပြီး မြောက်ကိုရီးယားနိုင်ငံမြို့တော်“ပြုံယမ်း”မှာကျင်းပခဲ့တဲ့ နှစ်နိုင်ငံထိပ်သီးအစည်း အဝေးမှာ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေးအ တွက်လည်း သဘောတူခဲ့ကြတယ်လို့ ဆွေးနွေးပွဲအပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သမ္မတ“မွန်း”ကပြောပါတယ်။

မြောက် ကိုရီးယားရဲ့ဒုံးကျည်ပစ်လွှတ်ရေးအဓိကစခန်းတစ်ခုဖြစ်တဲ့ “တွန်ချန်းရီ”ဒုံးကျည်အင်ဂျင်စမ်းသပ်ရေးစခန်းနဲ့ ဒုံးကျည်လွှတ်တင် ရေးစခန်းတို့ကို နိုင်ငံတကာပညာရှင်တွေရှေ့မှာ အပြီးသတ်ဖျက်သိမ်းသွားဖို့လည်း သဘောတူခဲ့ပါတယ်။ နှစ်နိုင်ငံသဘောတူညီ ချက်ဟာ ကိုရီးယားကျွန်းဆွယ်မှာ တပ်ပိုင်းဆိုင်ရာငြိမ်းချမ်းရေးအတွက် ရှေ့တိုးသွားတာလို့ ခေါင်းဆောင်ကင်ကပြောပါတယ်။ နှစ်နိုင်ငံကြားရထား လမ်းဆက်သွယ်ဖို့၊ ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာသွားတဲ့နှစ်နိုင်ငံကမိသားစုတွေပြန်ဆုံစည်းဖို့နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောတူခဲ့ပါတယ်။ မကြာမီမှာ တောင်ကိုရီးယားနိုင်ငံမြို့တော် “ဆိုးလ်”ကို လာရောက်မယ်လို့ ကင်ကပြောခဲ့ပြီး အဲဒီခရီးစဉ်ဟာ မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးက တောင်ကိုရီးယားကို ပ ထမဆုံးလာရောက်တာဖြစ်လာမှာပါ။ အခုတစ်ကြိမ်ဟာ ခေါင်းဆောင်(၂)ဦးရဲ့(၃)ကြိမ်မြောက်တွေ့ဆုံမှုဖြစ်ပါတယ်။

 

 

Related News