ယီမင်နိုင်ငံ၊ ဟူဒေးဒါ ဆိပ်ကမ်းမြို့ကို အောက်တိုဘာလ(၁၄)ရက်မှာ ဆော်ဒီတွေဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အနည်းဆုံးလူ(၁၉)ဦးသေဆုံးပြီးနောက်ထပ်လူ(၃၀)ဦးဒဏ်ရာရခဲ့ပါတယ်။ ယီမင်နိုင်ငံ၊ ဟူဒေးဒါဆိပ်ကမ်းမြို့ကို အောက်တိုဘာလ(၁၄)ရက်မှာ ဆော်ဒီတွေဘက်ကလေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ တာကြောင့် အနည်းဆုံးလူ(၁၉)ဦးသေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ အောက်တိုဘာလ(၁၃)ရက်က ဟူဒေးဒါဆိပ်ကမ်းမြို့ကို ထွက်ပြေးလာတဲ့ အရပ်သားတွေပါလာတဲ့ဘတ်စ်ကားနှစ်စီးကို ဆော်ဒီစစ်လေယာဉ်တွေကပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့သိရ ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် လူ(၁၉)ဦးသေဆုံးတဲ့အပြင် နောက်ထပ်လူ(၃၀)ဦးလောက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူအရေအ တွက်တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အခုနှစ်သြဂုတ်လတုန်းက ဆအားဒါပြည်နယ်အနောက်မြောက်ပိုင်း၊ ဒါးဟီရင်မြို့ ကဈေးကိုမောင်းနှင်လာတဲ့ ကျောင်းကားတစ်စီးကိုလည်း ဆော်ဒီတွေဘက်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် စုစု ပေါင်းလူ(၅၁)ဦးသေဆုံးခဲ့ရာ အဲဒီထဲက(၄၀)ဦးဟာကလေးတွေဖြစ်ပြီး နောက်ထပ်လူ(၇၉)ဦးဒဏ်ရာရခဲ့ပါတယ်။ (၂၀၁၅)ခု နှစ်၊ မတ်လမှာ ယီမင်နဲ့ ဆော်ဒီအာရေးဗျနိုင်ငံတို့ရဲ့စစ်ပွဲစတင်ခဲ့စဉ်ကတည်းက လူ(၁)သောင်းခွဲဝန်းကျင်သေဆုံးခဲ့တယ်လို့ယီ မင်ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။

အဲဒီစစ်ပွဲတွေကြောင့် ယီမင်နိုင်ငံမှာအငတ်ဘေးကြုံရတဲ့အခြေအနေတွေဖြစ်လာရ တာပါ။ ဟူဒေးဒါဆိပ်ကမ်းမြို့ဟာ ယီမင်နိုင်ငံအတွက်အရေးပါတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို ဖြန့် ဝေပေးနေတဲ့ မြို့ဖြစ်တာကြောင့် ထိုးစစ်ဆင်မှုတွေဆက်လုပ်နေအုံးမယ်ဆိုရင် ယီမင်ပြည်သူတွေအငတ်ဘေးကြုံရတဲ့အခြေအ နေနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News