ဗင်နီဇွဲလားနိုင်ငံကို ဖေဖော်ဝါရီလ(၂၃)ရက်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေရောက်လာမယ်လို့ အ တိုက်အခံခေါင်းဆောင် ဂျူအန် ဂွိုက်ဒိုက ဖေဖော်ဝါရီ(၁၂)ရက်မှာ ထောက်ခံသူတွေကိုပြောပါတယ်။ သမ္မတနီကိုလပ်စ် မာဒူရို ကတော့ အထောက်အပံ့ပစ္စည်းတွေနိုင်ငံထဲဝင်လာမှာကို ငြင်းဆိုထားတဲ့အတွက် အခုဆုံးဖြတ်ချက်ကြောင့် သမ္မတနဲ့အတိုက် အခံခေါင်းဆောင်တို့ကြားထိပ်တိုက်တွေ့နိုင်ချေရှိနေပါတယ်။ မာဒူရိုအနေနဲ့ နိုင်ငံထဲ အကူအညီတွေဝင်ခွင့်ပြုဖို့ ဖေဖော်ဝါရီ(၁၂) ရက်မှာ လူထောင်ချီက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ အကူအညီတွေဝင်ခွင့်ပြုဖို့ ဗင်နီဇွဲလားစစ်တပ်ကို တိုက်ရိုက်အမိန့်ပေးထား တယ်လို့ ဂွိုက်ဒိုကပြောပေမဲ့ မာဒူရိုကို စစ်တပ်ကထောက်ခံထားတာကြောင့် ဂွိုက်ဒိုရဲ့အမိန့်ကို စစ်တပ်က လိုက်နာမလားဆိုတာ ကတော့ မရှင်းလင်းသေးပါဘူး။ ပြီးခဲ့တဲ့နှစ်က ဗင်နီဇွဲလားသမ္မတရွေးကောက်ပွဲဟာ မဲလိမ်မှုတွေရှိနေတယ်လို့ အတိုက်အခံတွေ ကစွပ်စွဲထားပြီး ဇန်န၀ါရီအစောပိုင်းမှာ မာဒူရိုကျမ်းကျိန်ဖို့ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်(၃)ပတ်တုန်းက ဂွိုက်ဒိုက သူ့ကိုယ်သူဗင်နီ ဇွဲလားကြားဖြတ်သမ္မတလို့ပြောခဲ့ပါတယ်။ ဥရောပနိုင်ငံအတော်များများနဲ့ အမေရိကန်နိုင်ငံက ဂွိုက်ဒိုကိုတရားဝင်သမ္မတအဖြစ်အ သိအမှတ်ပြုထားပေမဲ့ မာဒူရိုကိုတော့ ရုရှား၊ တရုတ်နဲ့ ဗင်နီဇွဲလားစစ်တပ်တို့က ထောက်ခံထားပါတယ်။

 

 

Related News