အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုက သမိုင်းဝင်စင်တာနားမှာ ဖေဖော်ဝါရီ(၁၉)ရက်က အသေခံဗုံးခွဲသမား(၁)ဦးဗုံးခွဲခဲ့လို့ လူ(၄)ဦးသေ ဆုံးပြီး နောက်ထပ်အီဂျစ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် အသေခံဗုံးခွဲသူ၊ ရဲ(၂)ဦးနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးတို့သေဆုံးခဲ့တာပါ။ ဗုံးခွဲခဲ့တယ်လို့ယူဆရသူက အသက်(၃၇)နှစ်အရွယ် ဟာဆန် အယ်လ်-ဟာဆန် အဗ္ဗဒူလာ လို့ အာဏာပိုင်တွေကဖော်ထုတ်ထားတာပါ။ သမိုင်းဝင်စင်တာနားမှာ ရဲတွေက သူ့ကိုတွေ့တော့ သူကစက်ဘီးကိုချပြီး လမ်းကျဉ်း ထဲထွက်ပြေးခဲ့တယ်လို့ ဒေသမီဒီယာတွေမှာဖော်ပြပါတယ်။ ကိုင်ရိုရှေးဟောင်းခရီးသွားဒေသနဲ့ အယ်လ်-ဇဟာ ဗလီနားမှာ ဖောက်ခွဲရေးပစ္စည်းကို အဘဒူလာ ဖောက်ခွဲခဲ့လို့ သူလည်းသေဆုံးခဲ့သလို ရဲ(၂)ဦးလည်းသေဆုံးပြီး နောက်ထပ်လုံခြုံရေးတပ် ဖွဲ့ဝင်(၃)ဦးဒဏ်ရာရခဲ့တယ်လို့ အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနကပြောပါတယ်။ အဗ္ဗဒူလာ ကနိုင်ငံခြားသားတစ်ဦးဖြစ်တယ်လို့ ရဲ တပ်ဖွဲ့ကအတည်ပြုထားပေမဲ့ အချက်အလက်အပြည့်အစုံကိုတော့ထုတ်မပြောသေးပါဘူး။ အခုဖြစ်ရပ်ရဲ့နောက်ကွယ်မှာ ဘယ် အဖွဲ့အစည်းရှိတယ်ဆိုတာကိုလည်း မသိရသေးပါဘူး။ အခုတိုက်ခိုက်မှုက စစ်သွေးကြွအဖွဲ့သစ်တစ်ဖွဲ့ရဲ့လက်ချက်ဖြစ်နိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေက ခန့်မှန်းနေပါတယ်။

 

 

Related News