အကြပ်ဆိုက်နေတဲ့အီးယူကနေဗြိတိန်နုတ်ထွက်ရေးမှာ ဗြိတိန်ဝန်ကြီးချုပ်ထရီစာမေအတွက် အသက်ရှူချောင်စေမယ့်အခြေအနေတစ်ခုအနေနဲ့ မတ်လ(၂၉)ရက်မှာ နုတ်ထွက်မှာကိုအချိန်ရွှေ့ပေးဖို့ အီးယူနိုင်ငံအားလုံးကသဘောတူလိုက်ပါတယ်။ဥရောပသမဂ္ဂ(အီးယူ)ကနေဗြိတိန်နုတ်ထွက်မှာကိုမေလ(၂၂)ရက်အထိအချိန်ရွှေ့ဆိုင်းဖို့ အီးယူကသဘောတူခဲ့တယ်လို့ ဥ ရောပကောင်စီဥက္ကဋ္ဌ ဒေါ်နယ် တပ်စ်က်က ကြာသပတေးနေ့မှာသူ့ရဲ့တွစ်တာကတစ်ဆင့်ကြေညာခဲ့ပါတယ်။ ဇွန်လ(၃၀)ရက်အထိ ဗြိတိန်နုတ်ထွက်ရေးအချိန်ရွှေ့ဆိုင်းပေးဖို့ အစောပိုင်းတုန်းကအီးယူကို ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေက စာရေးတောင်းဆိုခဲ့ လို့ ဥရောပလွှတ်တော်ရွေးကောက်ပွဲတွေကျင်းပမယ့် မေလ(၂၃)ရက်နဲ့ (၂၆)ရက်ကြား မတိုင်ခင်အထိ အချိန်ရွှေ့ဖို့ ခွင့်ပြုခဲ့တာပါ။

လာမယ့်တစ်ပတ်မှာ ဗြိတိန်အောက်လွှတ်တော်က ၀န်ကြီးချုပ်မေနဲ့ အီးယူခေါင်းဆောင်တွေ သဘောတူထားတဲ့နုတ်ထွက်ရေးသဘောတူညီချက်ကိုအတည်ပြုမယ်ဆိုရင် ဗြိတိန်နုတ်ထွက်ရေးအမှန်တကယ်ဖြစ်လာစေမယ့် လစ္စဘွန်းသဘောတူညီချက်၊ အပိုဒ် ခွဲ(၅၀)ကို မေလ(၂၂)ရက်အထိ အချိန်ရွှေ့ဆိုင်းဖို့ အီးယူအဖွဲ့ဝင်နိုင်ငံ(၂၇)နိုင်ငံစလုံးက သဘောတူခဲ့ပါတယ်။ တကယ်လို့ ဗြိတိန်လွှတ်တော်က သဘောမတူခဲ့ဘူးဆိုရင်တော့ ဧပြီ(၁၂)ရက်အထိပဲအချိန်ရွှေ့ဆိုင်းမှာလို့ တပ်စ်က်ကပြောပြီးအီးယူဘက်က သဘောတူညီချက်တစ်ခုမှမရဘဲ ဗြိတိန်နုတ်ထွက်ရမယ့်အခြေအနေအတွက်လည်း ကြိုတင်ပြင်ဆင်နေပြီလို့ပြောပါတယ်။ မေတောင်းဆိုထားတဲ့ အိုင်ယာလန်နယ်စပ်လုပ်ငန်းအခြေအနေတွေအတွက် ဥပဒေအရအာမခံချက်ဖြစ်တဲ့ စထရာ့စ်ဘော့ဂ်သဘောတူညီချက်ကိုလည်း ကြာသပတေးနေ့မှာ အီးအဖွဲ့ဝင်နိုင်ငံအားလုံးကအတည်ပြုခဲ့ပါတယ်။

 

 

Related News