သီရိလင်္ကာနိုင်ငံမှာတနင်္ဂနွေနေ့ကအီစတာနေ့အထိမ်းအမှတ်ကျင်းပနေတဲ့ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဇိမ်ခံဟိုတယ်တွေမှာ ဗုံးပေါက်ကွဲ မှုတွေ ဖြစ်ပွားခဲ့လို့ သေဆုံးသူ(၂၉၀)ဦးအထိရှိလာပြီလို့ ဒေသတွင်းမီဒီယာတွေကပြောပါတယ်။သီရိလင်္ကာနိုင်ငံမှာတနင်္ဂနွေနေ့ကအီတာပွဲတော်အတွင်းခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဇိမ်ခံဟိုတယ်တွေမှာဗုံးပေါက်ကွဲမှု (၈)ကြိမ်ဖြစ်ခဲ့လို့ သေဆုံးသူ(၂၉၀)ဦးအထိရှိလာပြီးဒဏ်ရာရသူ(၅၀၀)လောက်ရှိနေပါတယ်။ အဲဒီဖြစ်ရပ်တွေကြောင့် တနင်္လာနေ့မှာသီရိလင်္ကာအစိုးရက ညမထွက်ရအမိန့်ထုတ်ပြန်ထားပါတယ်။ နောက်ထပ်ဖြစ်လာနိုင်တဲ့တိုက်ခိုက်မှုတွေရဲ့ သတင်းအချက်အလက်တွေကိုလုံခြုံရေးဌာနတွေက သတိထားနေတယ်လို့ သီရိလင်္ကာဝန်ကြီးချုပ် ရာနေးဝစ်ရီမီဆင်ဂီ ကပြောပါတယ်။

ပေါက်ကွဲမှုတွေနဲ့ ဆက်စပ်နေတယ်လို့ယူဆရတဲ့ လူ(၂၄)ဦးကိုရဲတပ်ဖွဲ့ကဖမ်းထားပေမဲ့ သူတို့တွေဘယ်သူဘယ်ဝါဆိုတာကို တော့သီရိလင်္ကာအစိုးရကမဖော်ထုတ်သေးပါဘူး။သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေထဲမှာ နိုင်ငံခြားသားတွေလည်းပါဝင်နေပါတယ်။ သတင်းမှားတွေ ပြန့်နှံ့မှုကိုရပ်တန့်ဖို့ လူမှုကွန်ရက်တွေကိုယာယီကန့်သတ် ထားဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ အစီရင်ခံစာတွေရှိနေသလို လူသုံးများတဲ့Facebookနဲ့Whatsappတို့လိုစာပို့နိုင်တဲ့အက်ပလီကေးရှင်းတွေကို လူတော်တော်များများသုံးမရဖြစ် နေပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့မြို့တော်ကိုလံဘိုကအဓိကလေဆိပ်မှာလက်လုပ်ဖောက်ခွဲရေး ပစ္စည်းတွေ တွေ့ခဲ့ရလို့ ရှင်းလင်းခဲ့ ရတယ်လို့လည်းတနင်္ဂနွေနေ့ညပိုင်းမှာသီရိလင်္ကာလေတပ်ကထုတ်ပြန်ပါတယ်။ ခြောက်ပေလောက်ရှည်တဲ့ရေပိုက်တွေ ထဲမှာ ဖောက်ခွဲရေးပစ္စည်းတွေတွေ့ခဲ့တာလို့ သီရိလင်္ကာလေတပ်ပြောခွင့်ရသူဂီဟန် ဆီနီဗီရတ်နီကပြောတယ်ဆိုပြီးဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

 

 

Related News