ယူကရိန်းနိုင်ငံမှာ ဧပြီလ(၂၁)ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကျော့သမ္မတရွေးကောက်ပွဲမှာ နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ ဟာသသရုပ်ဆောင် ဗိုလော်ဒီမာ ဇီလန်စကီ အနိုင်ရခဲ့ပါတယ်။ယူကရိန်းနိုင်ငံမှာ ဧပြ(၂၁)ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကျော့သမ္မတရွေးကောက်ပွဲမှာ နိုင်ငံရေးအတွေ့အကြုံမရှိတဲ့ လူရွှင် တော်ဗိုလော်ဒီမာ ဇီလန်စကီ အနိုင်ရခဲ့ပါတယ်။ ဇီလန်စကီက သူ့ကိုထောက်ခံတဲ့ယူကရိန်းနိုင်ငံသားတွေ၊ မိသားစုနဲ့ မဲဆွယ်စည်းရုံရေးအဖွဲ့ကိုပါ ကျေးဇူးတင် ကြောင်းပြောခဲ့တယ်လို့ အင်တာဖက်စ်ယူကရိန်းသတင်းအေဂျင်စီရဲ့ယူကရိန်းဌာနခွဲက ဖော်ပြပါတယ်။ ဇီလန်စကီက မဲအရေအတွက်(၇၃.၂) ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာလို့ အစောပိုင်းရလဒ်တွေအရသိရပါတယ်။ ယူကရိန်းလက်ရှိသမ္မတ ပက်ထရို ပေါ်ရိုရှန်ကို ကမဲအရေအတွက် (၂၅.၃)ရာခိုင်နှုန်းရခဲ့တာပါ။ ယူကရိန်း နိုင်ငံသားတွေရဲ့ရွေး ချယ်မှုကို လက်ခံပြီး ရွေးကောက်ပွဲမှာ ဇီလန်စကီအနိုင်ရတဲ့အတွက်ဝမ်းသာ တယ်လို့ ပေါ်ရိုရှန်ကိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ဒုတိယအကျော့ယူကရိန်းသမ္မတရွေးကောက်ပွဲရဲ့ တရားဝင်မဲရလဒ်တွေကို မေလ(၁) ရက်မှာထုတ် ပြန်မှာဖြစ်ပြီး သမ္မတသစ်က ဇွန်လ(၃)ရက်နောက်ဆုံးထားပြီး သမ္မတတာဝန်ထမ်းဆောင် ရမယ်လို့ မျှော်လင့်ရပါ တယ်။ မဲအရေအတွက်ပြတ်သားတဲ့အနိုင်ရမှုမရှိခဲ့တာကြောင့် ပြီးခဲ့တဲ့လမှာကျင်းပခဲ့တဲ့ယူကရိန်းသမ္မတရွေးကောက်ပွဲကို ဧပြီ (၂၁)ရက်မှာ ဒုတိယအကျော့ပြန်ကျင်းပခဲ့ရတာပါ။

 

 

Related News