မြောက်ကိုရီးယားစစ်တပ်ဟာ စွမ်းရည်မြင့် ဒုံးပျံအင်ဂျင်သစ်တစ်မျိုးကို စမ်းသပ်လိုက်ပြီလို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက သတင်းဖော်ပြပါတယ်။ အခုစမ်းသပ်မှုဟာ မြောက်ကိုရီးယားဒုံးပျံနည်းပညာနယ်ပယ်မှာ ဆန်းသစ်မှုတစ်ခုဖြစ်တယ်ဆိုပြီး ခေါင်းဆောင် ကင်ဂျုံအန်က ပြောထားတယ်လို့သတင်းမှာဖော်ပြပါတယ်။ ဒီအင်ဂျင်စမ်းသပ်မှုဟာ မြောက်ကိုရီးယား နိုင်ငံကို ကမ္ဘာ့အဆင့်မီ ဂြိုလ်တုလွှတ်တင်နိုင်မှုစွမ်းရည် ရှိလာစေမှာဖြစ်တယ်လို့ ကင်ဂျုံအန်က ပြောထားတယ်လို့လည်း သတင်းကဆိုပါတယ်။

ဒုံးပျံအင်ဂျင်စမ်းသပ်မှုကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ကိုယ်တိုင်ကြီးကြပ်ခဲ့ပြီး သမိုင်းဝင်အောင်မြင်မှု ဖြစ်ကြောင်း ကင်ဂျုံအန်က ပြောကြားထားတယ်လို့လည်း KCNA သတင်းမှာ ဖော်ပြပါတယ်။ အခုဒုံးပျံ အင်ဂျင်စမ်းသပ်မှုဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန် တရုတ်နိုင်ငံကို ရောက်ရှိနေချိန်မှာ ထွက်ပေါ်လာ တာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့နျူကလီးယားနဲ့ ဒုံးကျည်စွမ်းရည်အရေးဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်ရဲ့ အရှေ့အာရှ ခရီးစဉ်အတွင်းမှာ လွှမ်းမိုးမှုရှိ နေတာပါ။ မြောက်ကိုရီးယားဟာ နျူကလီးယားစမ်းသပ်မှု ငါးကြိမ်နဲ့ ဒုံးကျည် စမ်းသပ်မှုတွေကို ပြုလုပ်ထား တာဖြစ်ပါတယ်။