တရုတ်နည်းပညာကုမ္ပဏီမှ ထုတ်လုပ်သော ဘတ်ဂျက်စမတ်ဖုန်းသစ် Xiaomi Redmi 4A ကို အိန္ဒိယနိုင်ငံတွင် ယနေ့ စတင်ထုတ်ဖေါ်ပြသသွားမည်ဟု သိရသည်။ ၄င်းသည် အိန္ဒိယတွင် ထုတ်ဖေါ်ပြသသော ယခုနှစ်အတွက် Xiaomi ၏ အရွယ်အစားကြီးမားသော စမတ်ဖုန်းတစ်လုံးဖြစ်သည်။ ယခုနှစ်ဇန်န၀ါရီလတွင် အန္ဒိယနိုင်ငံ၌ Redmi Note 4 မျိုးကွဲ သုံးမျိုးကို ကုမ္ပဏီမှ ထုတ်လုပ်ပေးခဲ့သည်။ Redmia 4A စမတ်ဖုန်းသည် Redmi 3 ၏ နောက်မျိုးဆက်စမတ်ဖုန်းဖြစ်ပြီး၊ ၄င်းဖုန်းကို လွန်ခဲ့သောနှစ် နိုဝင်ဘာလက တရုတ်နိုင်ငံတွင် ပထမဦးဆုံးထုတ်ဖေါ်ပြသခဲ့ခြင်းဖြစ်သည်။

Redmi Note 4 အား ဈေးကွက်တင်စဉ်အခါက Xiaomi သည် ဈေးနှုန်းသုံးမျိုးဖြင့် မိတ်ဆက်ပေးခဲ့သည်ဟုဆိုသည်။ Redmi 4A ကို တရုတ်နိုင်ငံဈေးကွက်တွင် ၅၉၉ ယွမ်းဖြင့်ရောင်းခဲ့ပြီး၊ အိန္ဒိယငွေသို့ပြောင်းလဲကြည့်မည်ဆိုပါက ရူပီးငွေ ၅၆၀၀ ခန့်ဖြစ်ကြောင်း သိရသည်။  ၄င်းဖုန်း၏ specification ကိုကြည့် မည်ဆိုလျှင် HD resolution (720p) ရှိသော ၅ လက်မအရွယ် IPS LCD screen နှင့် Qualcomm Snapdragon 425 ပရိုဆက်ဆာကို 2GB RAM နှင့် အချက်အလက်သိုလှောင်နိုင်မှု 16GB ရှိကြောင်း၊ အနောက်ဖက်ကင်မရာမှာ 13MP နှင့် အရှေ့ဖက်ကင်မရာမှာ 5MP ရှိကြောင်းနှင့် Redmi 4A တွင် 3120mAh ဘက်ထရီပါဝင်ကာ MIUI 8 နှင့်အတူ Android Marshmallow ကိုတပ်ဆင်မောင်းနှင်ထားကြောင်း သိရသည်။