ချယ်ဆီးအသင်းဟာလာမယ့်ရာသီအတွက်နည်းပြသစ်ခန့်အပ်ဖို့ စီစဉ်နေပြီး မြို့ခံပြိုင်ဘက် စပါးအသင်း နည်းပြ ပိုချက်တီနိုကို ပစ်မှတ်ထားနေပါတယ်။ချယ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ဟာ လက်ရှိနည်းပြ ကွန်တီရဲ့ အခြေအနေကို စိတ်ပျက်နေပြီး လာမယ့်ရာသီကို နည်းပြသစ်နဲ့ဖြတ်သန်းဖို့စီစဉ်နေတာဖြစ်ပါတယ်။ကွန်တီဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ဖလားရအောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့် ယခုနှစ်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရအောင်စွမ်းဆောင်နိုင်ခြင်းမရှိပဲ အသင်းရဲ့အခြေအနေကလည်း ယိမ်းယိုင် နေတာ ဖြစ်ပါတယ်။
 
ဒါ့ကြောင့် ချယ်ဆီးအသင်းတာဝန်ရှိသူတွေဟာ ကွန်တီကို စာချုပ်သက်တမ်း (၁)နှစ်ကျန်ရှိနေသေးပေမယ့် ရာထူးမှဖယ်ရှားပြီး ပိုချက်တီနိုနဲ့ အစားထိုးဖို့ဆန္ဒရှိနေ ပါတယ်။ ပိုချက်တီနိုကလည်း စပါးအသင်းနဲ့ ကစားသမားခေါ်ယူဖို့ ညှိနှိုင်းရာမှာ သဘောတူညီမှုမရသေး ပဲပေါင်သန်း(၁၀၀)ထိ အပြောင်းအရွှေ့ အသုံးစရိတ်တောင်းခံထားပေမယ့် တာဝန်ရှိသူတွေက ငြင်းဆန်ထားပါတယ်။ ဒါ့အပြင် စပါးအသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကိုလည်း ပိုချက်တီနိုက ဆိုင်းငံ့ထားပြီး ချယ်ဆီးအသင်း ကအဲဒီအခြေအနေကို အခွင့် ကောင်းယူဖို့ကြိုးစားနေပါတယ်။
 
ချယ်ဆီးအသင်း တာဝန်ရှိသူတွေဟာလက်ရှိမှာ ပိုချက်တီနိုကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံနေပြီလို့ သတင်းထွက်ပေါ်နေပြီး ကမာ်္ဘ့ဖလားမတိုင်ခင် ခန့်အပ်နိုင်ဖို့ ရည်ရွယ်နေတယ်လို့မီဒီယာတွေကဖော်ပြနေကြပါတယ်။ ဒါ့ပေမဲ့ တခြား ရင်းမြစ်တွေမှာတော့ ချယ်ဆီးအသင်း ဟာ FA ဖလားမှာ ဗိုလ်စွဲပါက နည်းပြကွန်တီကို ဆက်ခန့်မှာဖြစ်ပြီး ကွန်တီစိတ်ကြိုက်ကစားသမားအပြောင်းအရွှေ့တွေကိုလည်း ခွင့်ပြုမှာ ဖြစ်တယ်လို့ဖော်ပြထားပါတယ်။
 
ဒါ့ကြောင့် ချယ်ဆီးအသင်းရဲ့ နည်းပြအပြောင်းအလဲ သတင်းက ဆက်လက်စောင့်ကြည့်ရဖို့ရှိပါတယ်။ကျွမ်းကျင်းသူအများစုကတော့ ချယ်ဆီးအသင်းဟာ ကွန်တီကို ထုတ်ပယ်ဖြစ်ပါက ပိုချက်တီနိုကိုသာ ခေါ်ယူမှာဖြစ်ပြီး ပိုချက်တီနိုအားသန်တဲ့ လူငယ်စီမံကိန်းကို စိတ်ကြိုက် ကိုင်တွယ်စေမှာဖြစ်တယ်လို့ ဆိုပါတယ်။ 
 
 

Related News