အာဆင်နယ်အသင်းကစားသမားဟောင်းအာတီတာဟာ အာဆင်နယ်အသင်းနည်းပြသစ် ဖြစ်လာဖို့အတွက်(၉၀)ရာခိုင်နှုန်းလောက်အထိသေချာနေပြီဖြစ်တယ်လို့ သိရပါတယ်။ 
အာဆင်နယ်အသင်းနည်းပြသစ်ရာထူးအတွက် နာမည်ကြီးနည်းပြတွေဖြစ်ကြတဲ့ အယ်လီဂရီ၊ လူးဝစ် အင်းနရစ်၊ အန်ဆယ်လော့တီတို့အပြင် ကစားသမားဟောင်းတွေဖြစ်ကြတဲ့ အာတီတာနဲ့ ဗီအဲရာတို့ဟာ လျာ ထားစာရင်းမှာပါဝင်ခဲ့ကြတာဖြစ်ပါတယ်။
 
ဒါပေမယ့်လည်းလက်ရှိမှာထွက်ပေါ်လာခဲ့တဲ့သတင်းတွေအရ အာ ဆင်နယ်အသင်းဟာ နည်းပြသစ်ရာထူးအတွက်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အာတီတာကိုခန့်အပ်ဖို့အ တွက်စီစဉ်နေတယ်လို့သိရပါတယ်။ အာတီဟာ အာဆင်နယ်အသင်းမှာ (၂၀၁၁) ခုနှစ်ကနေ (၂၀၁၆) ခုနှစ်အ ထိ (၅) ရာသီကြာပါဝင်ကစားခဲ့သူဖြစ်ပြီး၊ အသင်းနဲ့အတူ အက်ဖ်အေဖလား (၁) ကြိမ်၊ ကွန်မြူနတီဒိုင်း (၂) ကြိမ်တို့ကိုရယူနိုင်ခဲ့သူဖြစ်ပါတယ်။ 
 
သူဟာ (၂၀၁၆) ခုနှစ်မှာ အာဆင်နယ်အသင်းကနေထွက်ခွာခဲ့ပြီးနောက်ပိုင်း ကစားသမားဘ၀ကနေအနားယူခဲ့ပြီး၊ နည်းပြဂွါဒီယိုလာရဲ့လက်ထောက်နည်းပြအဖြစ် မန်စီးတီးအသင်းမှာ (၂) နှစ်ကြာတာဝန်ယူဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာဟာ အာဆင်နယ်အသင်း နည်းပြရာထူးအတွက် အာတီတာအနေနဲ့စိတ်ဝင်စားခဲ့ပါက တားဆီးသွားမှာမဟုတ်ကြောင်းပြောကြားထားခဲ့ပါ တယ်။ 
 
အာဆင်နယ်အသင်းအားကစားဒါရိုက်တာဂါဇီဒစ်နဲ့ အသင်းပိုင်ရှင်ခရွန်ကီတို့ဟာလည်း ကစားသမား ဟောင်းအာတီတာကိုသာ နည်းပြသစ်အဖြစ်တာဝန်ပေးအပ်သွားဖို့သေချာနေတယ်လို့လည်း ပြည်ပမီဒီယာတွေ ကဖော်ပြခဲ့ကြပါတယ်။
 
 

Related News