အဲဗာတန်အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်ဖြစ်တဲ့ သြဂုတ်လ (၉) ရက်နေ့၊ မနေ့က ကစား သမားသစ် (၃) ဦးကိုခေါ်ယူနိုင်ဖို့အတွက် အလုပ်များခဲ့တယ်လို့သိရပါတယ်။ ပရီးမီးယားလိဂ်ရဲ့အပြောင်းအရွှေ့ဈေးကွက်ဟာ သြဂုတ်လ (၉) ရက်နေ့၊ မြန်မာစံတော်ချိန်ည (၁၀) နာရီခွဲအချိန်မှာပိတ်သိမ်းသွားခဲ့ပြီး၊ အပြောင်းအရွှေ့နောက်ဆုံးရက်မှာအလုပ်များခဲ့တဲ့အသင်းတွေထဲမှာ အဲဗာ တန်အသင်းလည်းတစ်သင်းအပါအ၀င်ဖြစ်ခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ကစားသမားသစ် (၃) ဦးအတွက်အလုပ်များခဲ့ပြီး၊ ခေါ်ယူလိုတဲ့ကစားသမား (၃) ဦးစလုံးကိုခေါ်ယူနိုင်ခဲ့ပါတယ်။

အဲဗာတန်အသင်းဟာ ရှက်တာဒိုးနက်အသင်းတောင်ပံကစားသမားဘားနက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ် ယူနိုင်ခဲ့ပြီး၊ ဘာစီလိုနာနောက်ခံလူမီနာကို ပေါင် (၂၇) သန်း၊ ကွင်းလယ်လူအန်ဒရီဂိုးမက်ဇ်ကို အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အဲဗာတန်အသင်းဟာ ယခုနှစ်အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် (၆) ဦးအထိ ခေါ်ယူခဲ့ပြီး၊ အဲဗာတန်အသင်းခေါ်ယူခဲ့တဲ့ကစားသမား (၆) ဦးမှာ ကစားသမား (၃) ဦးဟာ ဘာစီလိုနာအသင်း ကစားသမားတွေဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်မီကလည်း ၀က်ဖို့ဒ် အသင်းတောင်ပံကစားသမားရစ်ချာလီဆင်၊ ဘာစီလိုနာအသင်းနောက်ခံလူဒစ်ဂ်နီနဲ့ အာဆင်နယ်အသင်းဂိုးသ မားဗာဂျင်နာတို့ကိုလည်းခေါ်ယူထားခဲ့ပါတယ်။ ဒါ့အပြင်နည်းပြရာထူးအတွက်လည်း နှုတ်ထွက်သွားခဲ့တဲ့ဆမ်အ လာဒွိုက်ရဲ့နေရာမှာ ၀က်ဖို့ဒ်အသင်းနည်းပြဟောင်းမာကိုဆေးလ်ဗားကိုလည်းခန့်အပ်ထားခဲ့ပါတယ်။အဲဗာတန်အသင်းဟာ လာမယ့် (၂၀၁၈-၁၉) ဘောလုံးရာသီသစ်အတွက် များစွာပြင်ဆင်မှုတွေပြုလုပ် ခဲ့ပြီး၊ စောင့်ကြည့်ရမယ့်အသင်းတွေစာရင်းမှာပါဝင်လာခဲ့တယ်လို့သိရပါတယ်။

 


 

Related News