(၂၀၁၈) ယူအက်စ်အိုးပင်းပြိုင်ပွဲရဲ့အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွေကိုဆက်လက်ကျင်းပလျက်ရှိနေပြီး၊ နိုင်ခြေအဆင့် (၁၇) အဖြစ်သတ်မှတ်ခံထားရတဲ့အမေရိကန်တင်းနစ်မယ်ဆရီနာဝီလျံဟာ ဆီမီးဖိုင်နယ်အဆင့် အထိတက်ရောက်ထားကာ ချန်ပီယံဆုအတွက်လက်တစ်ကမ်းအကွာကိုရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။ အမေရိကန်တင်းနစ်မယ်ဆရီနာဝီလျံအနေနဲ့ ချန်ပီယံဆု (၆) ကြိမ်ရရှိထားခဲ့တဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲ မှာ တစ်ကျော့ပြန်ချန်ပီယံဆုတွေကိုရရှိဖို့အတွက်ပြင်ဆင်နေခဲ့ပြီး၊ ကွာတားဖိုင်နယ်အဆင့်မှာ ချက်စ်တင်းနစ် မယ်ပလစ္စကိုဗာကို (၂) ပွဲပြတ်နဲ့အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်ကိုတက်ရောက်ထားခဲ့ပါတယ်။

လက်ရှိမှာ ကျင်းပနေတဲ့ (၂၀၁၈) ယူအက်စ်အိုးပင်းပြိုင်ပွဲရဲ့အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွေဟာ ယခင်နှစ်တွေကထက် အ ကြိတ်အနယ်ရှိနေခဲ့ပြီး၊ ထူးခြားမှုတစ်ခုအနေနဲ့ကတော့ နိုင်ခြေအဆင့် (၁) ကနေ (၁၃) နေရာအထိသတ်မှတ်ခံ ထားရတဲ့တင်းနစ်မယ်တွေအနေနဲ့ ပြိုင်ပွဲကနေစောစီးစွာထွက်ခဲ့ရပါတယ်။ ကွာတားဖိုင်နယ်အဆင့်မှာ လက်ရှိ ချန်ပီယံစတီဖင်အနေနဲ့ လတ်ဗီးယားတင်းနစ်မယ်ဆီဗာစတိုဗာကိုရှုံးနိမ့်ကာပြိုင်ပွဲကနေထွက်ခဲ့ရသလို၊ ကမ္ဘာ့အ ဆင့် (၁) ရိုမေးနီးယားတင်းနစ်မယ်ဆီမွန်နာဟာလက်ဟာလည်း ပြိုင်ပွဲရဲ့ပထမအဆင့်ကနေထွက်ခဲ့ရပါတယ်။

ယခင်နှစ်တွေကကျင်းပပြုလုပ်ခဲ့တဲ့ယူအက်စ်အိုးပင်းပြိုင်ပွဲတွေမှာ နာည်ကြီးတင်းနစ်မယ်တွေအနေနဲ့ ပြိုင်ပွဲရဲ့ ချန်ပီယံဆုတွေကိုရယူနိုင်ခဲ့ပေမယ့်လည်း ယခုနှစ်ယူအက်စ်အိုးပင်းပြိုင်ပွဲမှာတော့ နာမည်ကြီးတင်းနစ်မယ်တွေ အနေနဲ့ ပြိုင်ပွဲကနေစောစီးစွာထွက်ခဲ့ရပါတယ်။ ဆီမီးဖိုင်နယ်အဆင့်ကိုတက်ရောက်လာခဲ့တဲ့ဆရီနာဝီလျံအနေနဲ့ (၂၀၁၇) ခုနှစ်၊ သြစတြေးလျအိုးပင်းပြိုင်ပွဲမှာချန်ပီယံဆုကိုရရှိခဲ့ပြီးနောက်ပိုင်း၊ အဓိကပြိုင်ပွဲတွေဖြစ်တဲ့ ဂရမ်းဆ လန်းပြိုင်ပွဲတွေမှာ ချန်ပီယံဆုတွေကိုရယူနိုင်ခြင်းမရှိတော့တာဖြစ်ပါတယ်။

ဆရီနာဝီလျံဟာ လက်ရှိ (၂၁) ရာစု ရဲ့တင်းနစ်မယ်တွေထဲမှာ အအောင်မြင်ဆုံးတင်းနစ်မယ်တစ်ဦးအဖြစ်ရပ်တည်နေပြီး၊ ဂရမ်းဆလန်းဆုဖလား (၂၃) လုံးအထိရယူထားနိုင်ခဲ့ပါတယ်။ ဆရီနာဝီလျံအနေနဲ့ လက်ရှိ (၂၀၁၈) ယူအက်စ်အိုးပင်းပြိုင်ပွဲရဲ့ဆီမီးဖိုင် နယ်အဆင့်မှာ နိုင်ခြေအဆင့် (၁၉) အဖြစ်သတ်မှတ်ခံထားရတဲ့ လတ်ဗီးယားတင်းနစ်မယ်ဆီဗာစတိုဗာနဲ့ယှဉ် ပြိုင်သွားရမှာဖြစ်ပါတယ်။

 

 

Related News