စပိန်လာလီဂါပြိုင်ပွဲမှာ နည်းပြသစ်လိုပီတီဂူရဲ့ ဦးဆောင်မှုနဲ့အတူ ပုံစံကောင်းရရှိနေတဲ့ ရီးယဲမက်ဒရစ်အသင်း ဟာ ယခုလ စက်တင်ဘာလအတွင်းမှာ ယှဉ်ပြိုင်ရခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ခက်ခဲတဲ့ကာလ တစ်ခုကိုဖြတ်သန်းရဖို့ ရှိနေတာဖြစ်ပါတယ်။ ရီးယဲမက်ဒရစ်အသင်းဟာ ယခုနှစ်ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲရဲ့ ပွဲစဉ်(၃)ပွဲယှဉ်ပြိုင်ကစားပြီးချိန်မှာ ရာ နှုန်းပြည့်နိုင်ပွဲရရှိထားပြီး ရမှတ်(၉)မှတ်နဲ့ အဆင့်(၂)နေရာမှာရပ်တည်နေပါတယ်။ရီးယဲမက်ဒရစ်ဟာ စပိန်လာ လီဂါပြိုင်ပွဲစတင်ချိန်ဖြစ်တဲ့ သြဂုတ်လအတွင်းမှာ လာလီဂါပွဲစဉ်(၂)ပွဲ၊ လက်ရှိစက်တင်ဘာလအစမှာ လာလီဂါပွဲ စဉ်(၁)ပွဲယှဉ်ပြိုင်ကစားထားပြီး (၃)ပွဲလုံးကိုအနိုင်ရရှိထားပါတယ်။ဒါပေမယ့်လည်း စက်တင်ဘာလ(၁၆)ရက်မှ စက်တင်ဘာ(၃၀)ရက်ထိ ရီးယဲမက်ဒရစ်အသင်းယှဉ်ပြိုင်ကစားရမယ့် ပြိုင်ပွဲစုံပွဲစဉ်(၅)ပွဲမှာ ခက်ခဲတဲ့ပြိုင်ဘက် တွေနဲ့ယှဉ်ပြိုင်ရမယ့် ပွဲစဉ်(၄)ပွဲထိရှိနေပါတယ်။

ရီးယဲမက်ဒရစ်ဟာ စက်တင်ဘာလ(၁၆)ရက်မှာ ဘီဘာအိုအ သင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဆမ်မာမီးမှာယှဉ်ပြိုင်ရတဲ့ ပွဲစဉ်တွေဟာ သူတို့အသင်း အတွက်ခက်ခဲခဲ့တဲ့အစဉ်အလာတွေရှိနေပါတယ်။ ရီးယဲမက်ဒရစ်ဟာ စက်တင်ဘာလ(၂၀)ရက်မှာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ရိုးမားအသင်းနဲ့ ယှဉ်ပြိုင်ကစားရဖို့ရှိနေပြီး စီရော်နယ်ဒိုမရှိတော့တဲ့ ရီးယဲမက်ဒရစ်ရဲ့ပထမဦးဆုံးချန်ပီယံလိဂ်ပွဲစဉ်မှာ ဘယ်လိုမျိုးသောရလဒ်ထွက်ပေါ်မလည်းဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါ  တယ်။

ရီးယဲမက်ဒရစ်ဟာ စက်တင်ဘာလ (၂၃)ရက်မှာတော့ အက်စ်ပန်ညိုအသင်းကို အိမ်ကွင်းဘာနေဗျူးမှာလက်ခံကစားရမှာဖြစ်ပြီး ဒီပွဲစဉ်(၁)ပွဲသာ သူတို့အသင်းအတွက် လွယ်ကူမယ့်ပွဲစဉ်တစ်ပွဲအဖြစ်ရှိနေပါတယ်။  ရီးယဲမက်ဒရစ်ဟာ အဆိုပါပွဲစဉ်တွေအပြီး စက်တင်ဘာလ(၂၇)ရက်နဲ့(၃၀)ရက်တွေမှာတော့ လာလီဂါမှာ  ပြိုင်ဘက်ကောင်းတွေဖြစ်တဲ့ ဆီဗီလာ၊ အက်သလက်တီကိုမက်ဒရစ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါ တယ်။

 

 

Related News