ဝင်ဘယ်ဒန်ချန်ပီယံရှစ်ပြိုင်ပွဲမှာဗိုလ်စွဲနိုင်ခဲ့တဲ့ ကမ္ဘာ့အဆင့် (၆) ဆားဘီးယားနိုင်ငံသားဂျိုကိုဗစ်အနေနဲ့ မနေ့ကကျင်းပပြီးစီး ခဲ့တဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲမှာလည်း ချန်ပီယံဆုကိုရရှိခဲ့တာကြောင့် (၂၀၁၈) ခုနှစ်အတွင်း၊ ဒုတိယမြောက်အဓိကဆုဖလားကို ထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။သြဂုတ်လ (၂၇) ရက်နေ့ကနေ စက်တင်ဘာလ (၉) ရက်နေ့အထိ၊ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ မှာကျင်းပပြုလုပ်ခဲ့တဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲမှာ ဆားဘီးယားနိုင်ငံသားဂျိုကိုဗစ်က ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ဂျိုကိုဗစ်အနေနဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲရဲ့ဗိုလ်လုပွဲစဉ် မှာ နိုင်ခြေအဆင့် (၃) အာဂျင်တီးနား နိုင်ငံသား ဒယ်ပေါ်ထရိုကို ၃-၆ ၆-၇ (၄-၇) ၃-၆ နဲ့အနိုင်ရရှိကာ ချန်ပီယံ ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ယူအက်စ်အိုးပင်း ပြိုင်ပွဲမှာ ချန်ပီယံဆုကိုရရှိခဲ့တာဟာ (၂၀၁၈) ခုနှစ်အတွင်း၊ ဒုတိယမြောက်အဓိကပြိုင်ပွဲမှာချန်ပီယံဆုကိုရရှိခဲ့တာဖြစ်ပြီး၊ ဇူလိုင်လအတွင်းကကျင်းပပြုလုပ်ခဲ့တဲ့ ၀င်ဘယ်ဒန် ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကိုရရှိထားခဲ့ပါတယ်။

(၂၀၁၆) ခုနှစ်ရဲ့ သြစတြေးလျအိုးပင်းပြိုင်ပွဲနဲ့ ပြင် သစ်အိုးပင်းပြိုင်ပွဲမှာချန်ပီယံဆုတွေကိုရရှိခဲ့တဲ့ ဂျိုကိုဗစ်အနေနဲ့ (၂၀၁၆) ခုနှစ်နောက်ပိုင်း အဓိကပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေနဲ့ဝေးကွာနေမှုကို (၂၀၁၈) ခုနှစ်အတွင်းမှာအဆုံးသတ်နိုင်ခဲ့ပြီး၊ တတိယမြောက်နဲ့ စတုထ္ထ မြောက်ကျင်းပပြုလုပ်တဲ့ ဂရမ်းဆလန်းပြိုင်ပွဲ (၂) ခုမှာ ချန်ပီယံဆုတွေကိုရရှိခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာ (၂၀၁၄) ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ကနေ (၂၀၁၆) ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့အထိ ရက်သတ္တပတ်ပေါင်း (၁၂၂) ပတ်ကြာ ကမ္ဘာ့အဆင့် (၁) နေရာမှာရပ်တည်ခဲ့ပြီးနောက်ပိုင်း၊ ကမ္ဘာ့အဆင့် (၁၀) အတွင်းဝင်ရောက်လာနိုင် ခြင်းမရှိတော့ပဲ ပြီးခဲ့တဲ့ဝင်ဘယ်ဒန် ချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကိုရရှိခဲ့ပြီးနောက် ကမ္ဘာ့အဆင့် (၆) နေရာ အထိပြန်လည်တက်လှမ်းလာနိုင်ခဲ့ပါတယ်။

သူကတော့ ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုကိုရရှိခဲ့တာဟာ ကစားသမားဘ၀တစ်လျှောက် ဂရမ်းဆလန်းပြိုင်ပွဲ (၄) ခုမှာ (၁၄) ခုမြောက်ချန်ပီယံဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ယူအက်စ်အိုးပင်းပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာတော့ ဂျပန်တင်းနစ်မယ်နာအိုမီအိုဆာကာက အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံကို ၆-၂ ၆-၄ နဲ့ နှစ်ပွဲပြတ်အနိုင်ရရှိကာ ပထမဦးဆုံးဂရမ်းဆလန်းဆုဖလားကို ရရှိခဲ့တယ်လို့ သိရပါတယ်။

 

 

Related News