ရီးယဲယ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား(၃)လုံးရရှိပြီး အသင်းနဲ့လမ်းခွဲထားတဲ့ နည်းပြဇီဒန်း ဟာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ဖို့ အသင့်ရှိတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဇီဒန်းဟာ (၂၀၁၇-၁၈)ဘောလုံးရာသီအပြီးမှာ ရီးယဲယ်မက်ဒရစ်အသင်းနဲ့ အံ့အားသင့်ဖွယ်လမ်းခွဲခဲ့သူ ဖြစ်ပြီး လက်ရှိမှာတော့ နည်းပြလောကထဲကို ပြန်ဝင်ဖို့ အသင့်ရှိနေပြီလို့ပြောကြားလိုက်တာဖြစ်ပါတယ်။ ဇီဒန်း ဟာ ယခုရက်ပတ်အတွင်းအင်္ဂလန်မီဒီယာတွေရဲ့ မျက်နှာဖုံးသတင်းတွေမှာ ဆက်တိုက်နေရာယူနေသူဖြစ်ပြီး မန်ယူနည်းပြဖြစ်ဖို့ အနီးစပ်ဆုံးဖြစ်နေတယ်လို့ ထင်ကြေးပေးခံနေရပါတယ်။

သူဟာ ရီးယဲယ်မက်ဒရစ်နည်းပြရာ ထူးမှ နှုတ်ထွက်ပြီးချိန်မှာ အနားယူဖို့လိုအပ်တယ်လို့ပြောကြားခဲ့ပေမယ့် လက်ရှိမှာတော့ နည်းပြအဖြစ်ပြန်လည် လုပ်ကိုင်တော့မယ်လို့ အင်တာဗျူးတွေမှာ ပြောကြားခဲ့ပါတယ်။ ဇီဒန်းက နည်းပြလောကထဲကို ပြန်ဝင်ဖို့နီးစပ် နေပြီလို့ အသိပေးခဲ့ပြီး တစ်ဘ၀လုံးမြုတ်နှံထားတဲ့အလုပ်ဖြစ်တာကြောင့် သေချာပေါက်ပြန်လည်လုပ်ကိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်။

ဇီဒန်းရဲ့နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာမယ်လို့ ပြောကြားချက် ဟာ မန်ယူနည်းပြမော်ရင်ညိုရဲ့အနာဂတ်ကို များစွာလှုပ်ခပ်စေခဲ့ပြီး မန်ယူအသင်းက မော်ရင်ညိုနေရာမှာ ဇီဒန်း နဲ့အစားထိုးတော့မယ်လို့အင်္ဂလန်မီဒီယာတွေက ဆက်တိုက်ဖော်ပြနေပါတယ်။ မော်ရင်ညိုဟာ မန်ယူအသင်းက အားကိုးတကြီးနဲ့ နည်းပြအဖြစ် တာဝန်ပေးခြင်းခံခဲ့ရပေမယ့် အောင်မြင်မှုတွေရယူနိုင်ဖို့ ရုန်းကန်နေရသလို ဘုတ်အဖွဲ့အပါအ၀င် ကစားသမားတွေနဲ့ပါ အဆင်မပြေဖြစ်နေမှုကြောင့် မန်ယူနည်းပြရာထူးကို စွန့်ခွာရနိုင်ခြေ ရှိတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

နောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းတွေအရ မန်ယူအသင်းဟာ ဇီဒန်းနဲ့ ပါညှိနှိုင်းမှုတွေပြုလုပ်နေပြီး ဇီဒန်းအကြိုက် ကစားသမားတွေကိုပါခေါ်ယူပေးမယ်လို့ ကတိပေးထားကြောင်းသိရ ပါတယ်။ ဒါ့ကြောင့် လာမယ့်ကာလအတွင်း မန်ယူအသင်းမှာ နည်းပြအပြောင်းအလဲဖြစ်လာမလားဆိုတာစောင့် ကြည့်ရမှာဖြစ်သလို ဇီဒန်းအနေနဲ့လည်း သူ့ရဲ့ပြောစကားအတိုင်း နည်းပြဘ၀ကို အမြန်ဆုံးပြန်လည်ဝင်ရောက် လားမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

 

 

 

Related News