ပြီးခဲ့တဲ့ကမ္ဘာ့ဖလားမှာ အောင်မြင်မှုမရခဲ့တဲ့ စပိန်အသင်းဟာ ဘာစီလိုနာနည်းပြဟောင်း လူးဝစ်အန်းန ရစ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ထားပြီး နည်းပြသစ်လက်ထက် တိုးတက်မှုတွေရှိနေပေမယ့် လိုအပ်ချက်အချို့ ရှိနေသေးကြောင်း စပိန်မီဒီယာတွေက သုံးသပ်ထားပါတယ်။ စပိန်အသင်းဟာ နည်းပြသစ် လူးဝစ်အန်းနရစ်ရဲ့ ပထမပွဲစဉ်ဖြစ်တဲ့ အင်္ဂလန်အသင်းနဲ့ပွဲစဉ်မှာ (၂)ဂိုး၊ (၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပရိသတ်တွေက ယခင်နည်းပြတွေလက်ထက်ကထက် ထိရောက်မှုရှိတဲ့ ကစားဟန်ကို မြင်တွေ့ခဲ့ရတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ စပိန်အသင်းဟာ UEFA Nation League A ရဲ့အုပ်စု(၄)အဖွင့်ပွဲစဉ် ဖြစ်တဲ့ အင်္ဂလန်နဲ့ပွဲစဉ်မှာ အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး တိုးတက်မှုရှိတဲ့ ကစားပုံနဲ့အတူ ဆာအူးလ်၊ ရိုဒရီဂို တို့ရဲ့သွင်းဂိုးတွေနဲ့ (၂)ဂိုး၊(၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ယခင်ကထက် လျင်မြန်ထိရောက်တဲ့ပေးပို့ ပုံ၊ တိုက်စစ်၊ခံစစ် အလျင်အမြန်ကူးပြောင်းမှုတွေမှာ အားရစရာဖြစ်ခဲ့တယ်လို့ မီဒီယာတွေက ချီးကျူးခဲ့ကြပါ တယ်။ ဒါပေမဲ့ မဖြစ်မနေပြုပြင်ရမယ့်အချက်တွေရှိနေပြီး လာမယ့်ပွဲစဉ်တွေမှာ ဆက်လက်စောင့်ကြည့်ရမယ်လို့ မာကာသတင်းစာက သုံးသပ်ခဲ့ပါတယ်။ စပိန်အသင်းမှာ ပြင်ဆင်ရမယ့်အချက်တွေအဖြစ် ပွဲတစ်ပွဲကို အနိုင်သေ ချာအောင်စွမ်းဆောင်ဖို့၊ ပွဲပြီးဆုံးချိန်များမှာ ပိုမိုအာရုံစိုက်ကစားဖို့နဲ့ အမြင့်ဘောတွေရှင်းထုတ်ရာမှာ ပိုမိုကောင်း မွန်ဖို့ လိုအပ်နေသေးတယ်လို့ သုံးသပ်ထားကြပါတယ်။

စပိန်အသင်းဟာ အင်္ဂလန်နဲ့ပွဲစဉ်မှာ (၂)ဂိုး၊(၁)ဂိုးနဲ့ ဦး ဆောင်ထားပေမယ့် နောက်ထပ်အနိုင်ဂိုးတွေရရှိဖို့ စိတ်အားထက်သန်မှုနည်းပါးနေတယ်လို့ဝေဖန်ခံခဲ့ရပါတယ်။ ဒါ့အပြင် ပြိုင်ဘက်တွေက ချေပဂိုးရဖို့အရှိန်တင်ကစားလာချိန်မှာ ခံစစ်ပိုင်းကအားနည်းချက်တွေဖြစ်ပေါ်ခဲ့ပြီး ဂိုးသမား ဒီဂီယာရဲ့လက်စွမ်းပြမှုကြောင့်သာ ချေပဂိုးခွင့်မပြုခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ စပိန်အ သင်းနဲ့ပွဲစဉ်မှာအမြင့်ဘောတွေကို အားပြုကစားခဲ့ပြီး စပိန်ခံစစ်က အခွင့်အရေးအချို့ခွင့်ပြုပေးရမှုက အရေးကြီး တဲ့ပွဲစဉ်တွေမှာ အခက်တွေ့နိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ ယနေ့ညမှာလည်း စပိန်အသင်းဟာ UEFA Nation League ရဲ့နောက်ထပ်ပွဲစဉ်အဖြစ် ခရိုအေးရှားအသင်းကို လက်ခံကစားရမှာဖြစ်ပြီး အားနည်းချက်တွေ ကို ပြုပြင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

Related News