ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါကတွက်ချက်ခဲ့တဲ့အချက်အလက်တွေအရ (၂၁) ရာစုရဲ့ စပိန်လာလီဂါအကောင်းဆုံးအသင်းအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတယ်လို့သိရပါတယ်။
စပိန်လာလီဂါတာဝန်ရှိသူတွေအနေနဲ့ (၂၁) ရာစုရဲ့အကောင်းဆုံးအသင်းကိုရွေးချယ်ခဲ့ရာမှာ လာလီဂါ နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာအအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်နေတဲ့ ရီးရဲယ်လ်မက်ဒရစ်အသင်းကိုရွေးချယ်ခဲ့ပါ တယ်။ စပိန်လာလီဂါတာဝန်ရှိသူတွေဟာ (၂၀၀၀) ခုနှစ်ကနေ လက်ရှိ (၂၀၁၈) ခုနှစ်အထိ (၁၈) နှစ်တာကာ လအတွင်းမှာရရှိခဲ့တဲ့ လိဂ်ပြိုင်ပွဲကရမှတ်တွေကိုအဓိကထားတွက်ချက်ခဲ့ပြီး၊ ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ ရမှတ်ပေါင်း (၁၅၀၁) မှတ်အထိစုဆောင်းနိုင်ခဲ့ပါတယ်။

ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါကလပ်အ သင်းတွေထဲမှာ ပထမဦးဆုံးရမှတ် (၁၅၀၀) ပြည့်မြောက်ခဲ့တဲ့အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး၊ ပြီးခဲ့တဲ့စပိန်လာ လီဂါပွဲစဉ် (၃) အဖြစ်လီဂါနက်ဇ်အသင်းနဲ့ပွဲစဉ်မှာ ရမှတ် (၁၅၀၀) ပြည့်မြောက်ခဲ့ပါတယ်။ ရီးရဲယ်လ်မက်ဒရစ်အ သင်းရဲ့ပြိုင်ဘက်ဘာစီလိုနာအသင်းကတော့ စပိန်လာလီဂါရဲ့ရမှတ် (၁၅၀၀) ပြည့်မြောက်တဲ့ဒုတိယကလပ်အ သင်းဖြစ်ခဲ့ပြီး၊ လာလီဂါပွဲစဉ် (၄) အဖြစ်ယှဉ်ပြိုင်ခဲ့တဲ့ ရီးရဲယ်လ်ဆိုစီဒက်အသင်းနဲ့ပွဲစဉ်မှ ရမှတ် (၁၅၀၀) ပြည့် မြောက်ခဲ့တာကြောင့် ရီးရဲယ်လ်မက်ဒရစ်အသင်းထက်တစ်ပတ်နောက်ကျခဲ့ပါတယ်။

ရီးရဲယ်လ်မက်ဒရစ်အသင်း အနေနဲ့ (၂၁) ရာစုရဲ့ (၁၈) နှစ်တာကာလအတွင်းမှာ သွင်းဂိုးပေါင်း (၁၆၅၂) ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး၊ ဘာစီလို နာအသင်းကတော့ (၁၆၁၉) ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် ပျမ်းမျှအနေနဲ့ရီးရဲယ်လ်မက်ဒရစ်အသင်းထက် တစ်ရာသီကိုသွင်းဂိုး (၁) ဂိုးနှုန်းနည်းပါးနေခဲ့ပါတယ်။ ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ (၂၀၀၀) ခုနှစ်အစောပိုင်း ကလည်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကရွေးချယ်ခဲ့တဲ့ (၂၀) ရာစုရဲ့အကောင်းဆုံးအသင်းအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါပြိုင်ပွဲမှာ ဆုဖလားပေါင်း (၃၃) လုံးအထိရယူထားနိုင်ခဲ့ပြီး၊ ခါးသီးပြိုင်ဘက်ဘာစီလိုနာအသင်းထက် ဆုဖလား (၈) လုံးအထိများပြားနေခဲ့ပါတယ်။

 

 

Related News