အီဗရာဟီမိုဗစ်ဟာ (၂၀၁၈)ခုနှစ်၊ မတ်လ(၂၃)ရက်မှာ မန်ယူအသင်းမှ LA ဂလက်ဆီအသင်းထံကို ပြောင်းရွေ့ ခဲ့သူဖြစ်ပြီး LA ဂလက်ဆီအသင်းတိုက်စစ်ပိုင်းမှာ အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်ပါ တယ်။အသက်(၃၇)နှစ်အရွယ် အီဗရာဟီမိုဗစ်ဟာ အသက်အရွယ်အရ ကစားသမားဘ၀ရဲ့အကောင်းဆုံးအချိန် ကိုကျော်လွန်နေသူဖြစ်ပေမယ့် ပုံစံကောင်းတစ်ခုကို ဆက်လက်ထိန်းသိမ်းထားနိုင်သူဖြစ်ပြီး ပါဝင်ကစားခဲ့တဲ့ အသင်းတိုင်းမှာခြေစွမ်းကို သွင်းဂိုးတွေနဲ့သက်သေပြနေသူဖြစ်ပါတယ်။

အီဗရာဟီမိုဗစ်ဟာ မေဂျာလိဂ်ပွဲစဉ်(၂၉) အဖြစ် တိုရွန်တိုအသင်းနဲ့ LA ဂလက်ဆီအသင်းတို့ပွဲစဉ်မှာ LA ဂလက်ဆီအသင်းအတွက် သွင်းဂိုး(၁)ဂိုးသွင်းယူ ခဲ့ပြီး ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ သွင်းဂိုး(၅၀၀)ပြည့်ခဲ့တဲ့ မှတ်တမ်းကိုရေးထိုးနိုင်ခဲ့ပါတယ်။ LA ဂလက် ဆီအသင်းဟာ တိုရွန်တိုအသင်းနဲ့ပွဲစဉ် ပထမပိုင်းပွဲချိန်မိနစ်(၄၀)အတွင်းမှာ (၃)ဂိုးပြတ်နဲ့အရေးနိမ့်နေပြီး (၄၃) မိနစ်မှာအီဗရာဟီမိုဗစ်က ချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အီဗရာဟီမိုဗစ်ဟာ ကစားသမားဘ၀သွင်း ဂိုး(၅၀၀)ပြည့်ခဲ့တဲ့မှတ်တမ်းကိုရေးထိုးနိုင်ခဲ့ပေမယ့် LA ဂလက်ဆီအသင်းကတော့ ပွဲအပြီးမှာ(၅)ဂိုး(၃)ဂိုးနဲ့ရှုံး နိမ့်ခဲ့ပါတယ်။အီဗရာဟီမိုဗစ်ဟာ ကစားသမားဘ၀သွင်းဂိုး(၅၀၀)ကို ကလပ်အသင်းမှာသွင်းဂိုး(၄၃၈)ဂိုး ဆွီဒင် လက်ရွေးစင်အသင်းနဲ့ (၆၂)ဂိုးသွင်းယူပြီးရရှိခဲ့တာဖြစ်ပါတယ်။

သူဟာ မယ်မိုအသင်းမှာ ကစားခဲ့စဉ်ကသွင်းဂိုး (၁၈)ဂိုး၊ အေဂျက်စ်အသင်းမှာ (၄၈)ဂိုး၊ ဂျူဗင်တပ်အသင်းမှာ (၂၆)ဂိုး၊ အင်တာမီလန်အသင်းမှာ (၆၆)ဂိုး၊ ဘာစီ လိုနာအသင်းမှာ (၂၂)ဂိုး၊ အေစီမီလန်မှာ (၅၆)ဂိုး၊ ပီအက်စ်ဂျီအသင်းမှာ (၁၅၆)ဂိုး၊ မန်ယူအသင်းမှာ (၂၉)ဂိုး လက်ရှိ LA ဂလက်ဆီအသင်းမှာ (၁၇)ဂိုး၊ ဆွီဒင်အသင်းမှာ (၆၂)ဂိုးသွင်းယူပြီးသွင်းဂိုး(၅၀၀)ပြည့်ခဲ့တာဖြစ်ပါ တယ်။

အီဗရာဟီမိုဗစ်ဟာ ကစားသမားဘ၀မှာ အောင်မြင်မှုများစွာလည်းရယူနိုင်ခဲ့သူဖြစ်ပြီး အေဂျက်စ်၊အင်တာ မီလန်၊ဘာစီလိုနာ၊အေစီမီလန်၊ပီအက်စ်ဂျီ၊ မန်ယူအသင်းတို့နဲ့အတူ ဆုဖလား(၃၁)လုံးထိရယူနိုင်ခဲ့ပါတယ်။အမေရိကန်မေဂျာလိဂ်ကလပ် LA ဂလက်ဆီအသင်းတိုက်စစ်မှူး အီဗရာဟီမိုဗစ်ဟာ အမေရိကန်မေဂျာလိဂ် ပွဲစဉ်(၂၉)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ တိုရွန်တိုအသင်းနဲ့ပွဲစဉ်မှာ သွင်းဂိုးသွင်းယူနိုင်ခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ သွင်းဂိုး(၅၀၀)ပြည့်ခဲ့တယ်လို့သိရပါတယ်။ 

 

 

 

Related News