ဂျူဗင်တပ်အသင်းမှာ သွင်းဂိုးရရှိဖို့ရုန်းကန်နေရတဲ့ တိုက်စစ်မှူးစီရော်နယ်ဒိုဟာ စီးရီးအေပွဲစဉ်(၄)မှာတော့သွင်း ဂိုးစတင်ရရှိခဲ့ပြီး ကစားသမားဘ၀မှတ်တမ်းကောင်းတစ်ခုကိုပါ ပိုင်ဆိုင်ခဲ့တယ်လို့သိရပါတယ်။ စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွေ့ကြေးရှင်တစ်ဦးဖြစ်ပြီး အသင်းတိုက်စစ်ပိုင်းမှာလည်း အဓိကဦးစားပေးတိုက်စစ်မှူးတစ်ဦးအဖြစ် ပုံမှန်ပွဲထွက်ခွင့်တစ်နေရာကို အခိုင်အမာရရှိထားသူဖြစ်ပါတယ်။ဒါပေ မယ့်လည်း စီရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့အတူ ရာသီအဖွင့်စီးရီးအေပွဲစဉ်(၃)ပွဲမှာတော့ ဂိုးပေါက်ပျောက် ဆုံးခဲ့ပြီး ဝေဖန်မှုအချို့ကိုရင်ဆိုင်ခဲ့ပါတယ်။ဒါပေမယ့် စီးရီးအေပွဲစဉ်(၄)မှာတော့ စီရော်နယ်ဒိုဟာ သူ့အတွက် စီးရီးအေသွင်းဂိုးစတင်ရရှိခဲ့ပြီး ဆက်ဆူအိုလိုအသင်းကို (၂)ဂိုး (၁)ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အနိုင်ဂိုး(၂)ဂိုးလုံး ကိုသွင်းယူခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒိုဟာ ဆက်ဆူအိုလိုနဲ့ပွဲစဉ်မှာ သွင်းဂိုး(၂)ဂိုးနဲ့ စီးရီးအေမှာသွင်းဂိုးစတင် ရှာတွေ့ခဲ့သလို ဒီသွင်းဂိုး(၂)ဂိုးက သူ့ရဲ့ကစားသမားဘ၀ မှတ်တမ်းကောင်းတစ်ခုဖြစ်စေခဲ့ပါတယ်။စီရော်နယ်ဒို ဟာဆက်ဆူအိုလိုနဲ့ပွဲစဉ်အပြီးမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ လိဂ်ဂိုး(၄၀၀)ပြည့်ခဲ့တဲ့မှတ်တမ်းကောင်း တစ်ခုကိုရရှိခဲ့တာဖြစ်ပါတယ်။စီရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်းမှာ ကစားခဲ့စဉ်က လိဂ်သွင်းဂိုး(၄)ဂိုး၊ မန်ယူ အသင်းမှ (၂၀၀၃-၀၄)ဘောလုံးရာသီမှ (၂၀၀၈-၀၉)ရာသီထိ ပါဝင်ကစားခဲ့စဉ်က လိဂ်သွင်းဂိုး(၈၄)ဂိုး၊ ရီးယဲ မက်ဒရစ်အသင်းမှာ (၂၀၀၉-၁၀)ရာသီမှ (၂၀၁၇-၁၈)ရာသီထိ ပါဝင်ကစားခဲ့ရာမှာ လိဂ်သွင်းဂိုး(၃၁၁)ဂိုး၊ လက်ရှိဂျူဗင်တပ်မှာ သွင်းဂိုး(၂)ဂိုးနဲ့ လိဂ်သွင်းဂိုး(၄၀၀)ပြည့်ခဲ့တဲ့ စံချိန်ကိုရရှိခဲ့တာဖြစ်ပါတယ်။

 

 

 

 

Related News