ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ PSV အသင်းကို ဟက်ထရစ်သွင်းယူခဲ့ပြီး၊ စံချိန်မှတ်တမ်းကောင်းတွေကို ဆက်လက်ရေးထိုးနေခဲ့တယ်လို့သိရပါတယ်။ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွေကို မနေ့ကညနဲ့ ယနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ခဲ့ကြပြီး၊ အသင်း ကြီးတွေအနေနဲ့ နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ ကြပါတယ်။ PSV အသင်းကို (၄) ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ဘာစီလိုနာအ သင်းအတွက် တိုက်စစ်မှူးမက်ဆီကဟက်ထရစ်သွင်းဂိုးရယူနိုင်ခဲ့ပြီး၊ စံချိန်မှတ်တမ်းကောင်းတွေဆက်လက်ရေး ထိုးနိုင်ခဲ့ပါတယ်။ လက်ရှိမှာမက်ဆီရဲ့ဟက်ထရစ်သွင်းယူနိုင်ခဲ့မှုဟာ ကစားသမားဘ၀ တစ်လျှောက် (၄၈) ကြိမ် မြောက်အဖြစ်သွင်းယူနိုင်ခဲ့တဲ့ဟက်ထရစ်သွင်းဂိုးဖြစ်လာခဲ့ပြီး၊ ဘာစီလိုနာအသင်းအတွက် (၄၂) ကြိမ်နဲ့ အာဂျင် တီးနားအသင်းအတွက် (၆) ကြိမ်သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင်အခြားသောစံချိန်တွေအဖြစ်လည်း ဥရောပပြိုင် ပွဲမှာဟက်ထရစ်အကြိမ်ရေ အများဆုံးအဖြစ် (၈) ကြိမ်နဲ့ရပ်တည်နိုင်ခဲ့ပြီး၊ ဥရောပပြိုင်ပွဲမှာ မတူညီတဲ့ကလပ်အ သင်း (၃၀) ကိုဂိုးသွင်းယူနိုင်ခဲ့တဲ့ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဥရောပပြိုင်ပွဲမှာမတူညီတဲ့ကလပ်အသင်းတွေကို အများဆုံးဂိုးသွင်းယူနိုင်ခဲ့တဲ့ကစားသမားကတော့ရီးရဲယ်လ်မက်ဒရစ် တိုက်စစ်မှူးဟောင်း ရာအူးလ်က (၃၃) သင်းနဲ့ စီရော်နယ်ဒိုက (၃၂) ကြိမ်နဲ့ရပ်တည်နေခဲ့ကြပါတယ်။ ဒါ့အပြင်မက်ဆီဟာ PSV အသင်းကို ဟက်ထရစ်သွင်းယူခဲ့ရာမှာ ပြစ်ဒဏ်ဘောကနေတိုက်ရိုက်ကန်သွင်းယူခဲ့တဲ့သွင်းဂိုးလည်းပါဝင်ခဲ့ပြီး၊ မက်ဆီဟာ (၂၀၁၈) ခုနှစ်အတွင်းမှာ ပြစ်ဒဏ်ဘောကနေတိုက်ရိုက်ကန်သွင်းယူခဲ့တဲ့သွင်းဂိုးဟာ (၈) ဂိုးအထိ ရှိလာခဲ့ပါတယ်။ မက်ဆီကတော့ (၂၀၁၈-၁၉) ဘောလုံးရာသီသစ်ရဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာပဲ သွင်းဂိုးရယူ နိုင်ခဲ့ပြီး၊ မက်ဆီရဲ့ပြိုင်ဘက်စီရော်နယ်ဒိုအနေနဲ့ ရာသီသစ်ရဲ့ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ သွင်းဂိုးရယူ နိုင်မလားဆိုတာစောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဗလင်စီယာ အသင်းနဲ့ စက်တင်ဘာလ (၂၀)ရက်နေ့၊ မနက်ဖြန်မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News