(၂၀၁၈-၁၉)ဘောလုံးရာသီ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဖွင့် ဒုတိယနေ့ပွဲစဉ်တွေမှာ စပိန်အသင်းနဲ့ အီ တလီအသင်းတွေ တွေ့ဆုံနေကြပြီး အီတလီအသင်းတွေရဲ့ခြေစွမ်းပိုင်းကို စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ (၂၀၁၈-၁၉)ဘောလုံးရာသီချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဖွင့် ဒုတိယနေ့ပွဲစဉ်တွေမှာ စပိန်အသင်းတွေဖြစ်တဲ့ ရီး ယဲမက်ဒရစ်နဲ့ ဗလင်စီယာတို့ဟာ အီတလီကလပ် ရိုးမား၊ ဂျူဗင်တပ်အသင်းတို့နဲ့တွေ့ဆုံနေပြီး ရီးယဲမက်ဒရစ်နဲ့ ရိုးမားတို့ဟာ အုပ်စု(g)၊ ဗလင်စီယာနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ အုပ်စု(h)ရဲ့ အဖွင့်ပွဲစဉ်တွေကိုယှဉ်ပြိုင်ကစားရ မှာဖြစ်ပါတယ်။ရီးယဲမက်ဒရစ်နဲ့ ရိုးမားအသင်းတို့တွေ့ဆုံနေတဲ့ပွဲစဉ်ဟာ ရီးယဲမက်ဒရစ်အသင်းအတွက် နည်းပြ လိုပီတီဂူလက်ထက်အီတလီအသင်းတွေနဲ့ရင်ဆိုင်ရမယ့် ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပေမယ့်  ရိုးမားအတွက် ကတော့ အနီးကပ်ဆုံးဖြစ်တဲ့ (၂၀၁၆)ခုနှစ်ချန်ပီယံလိဂ်မှာရှုံးနိမ့်ခဲ့တဲ့ရှုံးကြွေးကို ပြန်ဆပ်နိုင်ဖို့ကြိုးပမ်းရမယ့် ပွဲစဉ်ဖြစ်ပါတယ်။

ရီးယဲမက်ဒရစ်မှာ အဓိကတိုက်စစ်မှူးစီရော်နယ်ဒိုမရှိချိန်မှာ ဥရောပပြိုင်ပွဲအတွက် သူတို့ အသင်းရဲ့တိုက်စစ်ပိုင်း ကစားသမားအခင်းအကျင်းကို စောင့်ကြည့်ရမှာဖြစ်ပြီး အရည်အသွေးမြင့်လူငယ်ကစား သမားတွေနဲ့စုဖွဲ့ထားတဲ့ ရိုးမားအသင်းရဲ့ခြေစွမ်းပိုင်းကိုလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လာလီဂါမှာအထင် ကြီးလောက်တဲ့ တိုက်စစ်အစုအဖွဲ့ကိုဖန်တီးထားနိုင်တဲ့ ဗလင်စီယာ နဲ့ ဥရောပပြိုင်ပွဲတွေမှာ ဘုရင်တစ်ဆူအဖြစ် သတ်မှတ်ရမယ့် စီရော်နယ်ဒိုရဲ့ ဂျူဗင်တပ်ကို စပိန်မြေမှာစမ်းသပ်မယ့်ပွဲစဉ်ဖြစ်ပြီး ဂျူဗင်တပ်အသင်းဖြတ်ကျော် နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ရီးယဲမက်ဒရစ်နဲ့ ရိုးမားအသင်း၊ ဗလင်စီယာအသင်းနဲ့ ဂျူဗင် တပ်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့် ဒုတိယနေ့ပွဲစဉ်တွေကို စက်တင်ဘာလ(၂၀)ရက် မနက်အစောပိုင်း(၁း၃၀)အချိန်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

 

 

Related News